ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးကို ယနေ့ နံနက် ၁ဝ နာရီခွဲက သာစည်ရပ်ကွက် ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သဘာပတိဗဟိုပါတီကော်မတီဝင် ဦးသန်းအောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင်၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ် နည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ပါတီ ကော်မတီဝင်ဦးဇော်မင်းရင်က အရွေးချယ်ခံသူများ၏ အဆိုပြုအမည်စာရင်းများ တင်သွင်း ခဲ့သည်။