မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပါတီကော်မတီ ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးအစည်း အဝေးကို ယနေ့နေ့လည် (၀၂း၃၀) နာရီတွင် တံတားဦးမြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင် နှင့် တိုင်းကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင် ပါတီဥက္ကဌနှင့် ခရိုင်ကော်မတီ ဝင်များ၊ တံတားဦးမြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးများမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြပါသည်။