သံတွဲပါတီမိသားစုဝင်များ ကျန်းမာရေးအတွက် မြို့နယ်ပါတီမှ ထောက်ပံ

 

(2.8.2017) နေ့ မွန်းလွဲ (3:00) နာရီအချိန် သံတွဲခရိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ် ပါတီဝင်များ၊ အမျိုးသမီးရေးရာ တာဝန်ခံများ ပူးပေါင်း၍ အံတော်ကျေးရွာမှ လူငယ်ပါတီဝင် ကိုအောင်ကို ဝင်း၊ အမျိုးသမီးရေးရာပါတီဝင် မချိုမီထွန်းတို့၏ မိခင်ဒေါ်မနီအား ကျန်းမာရေး ထောက်ပံ့ငွေ (၃) သောင်းကျပ်နှင့် နန်းချောင်းကျေးရွာ ပါတီအတွင်းရေးမှူး ဦးမင်းမင်းဦးသားအတွက် အာဟာရဓါတ်စာများ ပေးအပ် လှူဒါန်းခဲ့သည်။

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ​ တောင်သူလယ်​သမား​ရေးရာနှင့်​ အလုပ်​သမား​ရေးရာတွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ​တောင်​သူလယ်​သမား​ရေးရာနှင့်​ အလုပ်​သမား​ရေးရာတွေ့ဆုံပွဲကို ၃.၈.၂၀၁၇ ​ရက်နေ့ ၀၉း၀၀ နာရီတွင်​ တိုင်းပါတီ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်​ခဲ့ရာ အခမ်းအနားသို့ ဗဟိုအလုပ်​အမှုဆောင်​၊ ဗဟို​တောင်​သူလယ်​သမား​ရေးရာ ​ကော်​မတီတာဝန်​ခံ ဦး​အောင်​တင်​မြင့်​၊ ဗဟိုအလုပ်​အမှုဆောင်​၊   တိုင်းပါတီဥက္ကဌ ​ဒေါက်​တာ​ မောင်​​မောင်​​ဌေး၊ တိုင်းအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်​၊ တိုင်းဘဏ္ဍာရးမှူး ဦးကြည်​ထွန်း နှင့်​ တိုင်း​ပါတီ​ကော်​မတီဝင်​များ/အရံ​ကော်​မတီဝင်​များ၊ ၅ ခရိုင်​နှင့်​ ၂၅ မြို့နယ်​တို့မှ ​တောင်​သူ/အလုပ်​သမား​ရေးရာ ကိုယ်​စားလှယ်​များ စုစု​ပေါင်းအင်​အား ၁၃၀ ဦးခန့်​ တက်​​ရောက်​ခဲ့ကြပါသည်​။

စစ်တွေခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ကွန်ပျူတာသင်တန်းသို့ အလှူငွေများလှူဒါန်း

 

ယမန်နေ့ သြဂုတ် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီနှင့် အရံကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့ကြသည်။

ရှေ့တန်းပြန်တပ်မတော်သားများအား ရွှေကူပြည်ခိုင်ဖြိုးမှ ကြိုဆို

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အခြေစိုက် အမှတ် (၆၀၂) ခြေမြန်တပ်ရင်းမှ ရှေ့တန်းပြန်တပ်မတော်သားများအား ရွှေကူမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ NGOအဖွဲ့အစည်းများ၊ တိုင်းရင်း သားမျိုးနွယ်စုများ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဆောင်သော မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်တွင်းရှိ တပ်မတော်ကို ချစ်မြတ်နှိး သူ များစုပေါင်း၍ ၃.၈.၂၀၁၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အမှတ်(၆၀၂) တပ်ရင်းရှေ့တွင် အောင်သပြေပန်းများ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြု ခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တရုပ်ကွန်မြူနစ်ပါတီ နိုင်ငံတစ်ကာဆက်ဆံရေးဝန်ကြီးH.E Mr.Song Tao အား နံနက်(၁၀:၃၀) အချိန်တွင် ဌာနချုပ် ဧည့်ခန်းမတွင်​ လက်ခံတွေ့ ဆုံခဲ့ပါသည်​။


ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း သမိုင်းဝင်းစေတီများ၏ မှတ်တမ်း စာအုပ်များနှင့် အ.မ.က ကျောင်းသူကျောင်းသားများအတွက် စာရေး ကိရိယာများလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း သည် ယနေ့ သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ဇီးကုန်းမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီ ငါးဆူဖြစ်သည့် လယ်မကျေးရွာရှိ ဖောင်တော်ဦးစေတီ၊ ကံညီကို သာပေါင်းရွာရှိ ပြည်တော်ဝင်စေတီ၊ ကန္တလီကျေးရွာရှိ မိုးသဲ စေတီ၊ ကဇင်းကြီးကျေးရွာရှိစေတီ၊စမ်းအိုင်ကျေးရွာရှိ စေတီတော်များ၏
မှတ်တမ်းစာအုပ်များအား သက်ဆိုင်ရာ စေတီတော်ဂေါပကများထံ ပေးအပ်လှူဒါန်းပြီး ပေါက်ပင်ဆိပ် အ.မ.ကနှင့် လယ်မ အ.မ.က ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများသို့ စာရေးကိရိယာများအား ပေးအပ်လှူဒါန်း ကုသိုလ်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်တို့မှ အခြေခံပညာကျောင်းများရှိ ကျောင်းသာ/ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ လှူဒါန်း

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှု ဆောင် ဦးသူရိန်ဇော်တို့သည် ယနေ့သြဂုတ် ၄ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့သို့ ရောက်ရှိကြကာ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။


ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူးဦးပိုက်​​ထွေး ကရင်​ပြည်​နယ်​၊ဖာပွန်​မြို့နယ်​မှပါတီဝင်​များနှင့်​​တွေ့ဆုံ

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးသည်​ကရင်​ပြည်​နယ်​တာဝန်​ခံဗဟိုအလုပ်​အမှု​ဆောင်​ဦးသူရိန်​​ဇော်​လိုက်​ပါ၍ကရင်​ပြည်​နယ်​ဖာပွန်​မြို့ရီပါတီဝင်​များဖြင့်​ရင်းနှီးစွာ​တွေ့ဆုံ၍ အလလှူ​ငွေများ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။


“ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူးဦးပိုက်​​ထွေးသည်​အကြိမ် (၄၀)မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အခမ်းအနားသို့ တက်​​ရောက်​အား​ပေးခဲ့”

 

ပြည်္မခို​င်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးသည်​ဗဟိုအလုပ်​အမှု​ဆောင်​ဦးသူရိန်​​ဇော်​လိုက်​ပါ၍ကရင်​ပြည်​နယ်​ဘားအံမြို့တွင်​ကျင်းပပြုလုပ်​​သော(၄၀)ကြိမ်​​မြောက်​ ကရင်​ရိုးရာ ဝါ​ခေါင်​လ ချည်​ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့တက်​​ရောက်​အား​ပေးခဲ့သည်


ပါတီဗဟိုအတွင်း​ရေးမှူးအဖွဲ့ ရပ်​​ကျေးအမျိုးသမီးများနှင့်​​တွေ့ဆုံ

 

၆.၈.၂၀၁၇ ရက်​​နေ့ တနင်္ဂ​နွေ​နေ့တွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာတာဝန်​ခံ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ အမျိုးသမီး​ရးရာတွဲဘက်​တာဝန်​ခံ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ နှင့်​ ပါတီဗဟို​ကော်​မတီဝင်​များ ပါတီအဆင့်​ဆင့်​မှတာဝန်​ရှိသူများ ပါဝင်​သည့်​အဖွဲ့သည်​ ​မှော်​ဘီမြို့နယ်​ ဆပ်​သွား​တော​ကျေးရွာအုပ်​စု၌ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်​​ရေး၊လုံခြုံ​ရေး တို့အတွက်​ အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲသို့တက်​​ရောက်​​ဆွေး​နွေးအား​ပေးစကားများ​ပြောကြားခဲ့ကြပါသည်​။၎င်းအခမ်းအနားသို့                စုစု​ပေါင်းအင်​အား ၁၈၀ ခန့်​တက်​​ရောက်​ခဲ့ပါသည်​။