မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် နိုဝင်ဘာလ (၃) ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၀၉း၀၀) နာရီချိန်တွင် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်၌ စုပေါင်းဘုံကထိန်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်ကာ ကထိန် သင်္ကန်းကပ်လှူကာ ရေစက်ချ အမျှပေးဝေခဲ့သည်။ယင်းနောက် ညနေ (၀၄း၃၀) နာရီချိန်တွင် ကလော့ – အပြိုင်ကျေးရွာ၏ (၂၇) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဖိုး၊ အဖွားတို့အား ပူဇော်ကန်တော့ခဲ့သည်။
တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
၆ -၁၁ – ၂၀၁၇ ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မျက်စိမျက်မှန် အခမဲ့ကုသရေးလုပ်ငန်းများကို (၇-၁၁-၂၀၁၇) မှ (၉ -၁၁ -၂၀၁၇) အထိ လုပ်ဆောင်မည့် အစီအစဉ်များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်/ မြို့နယ် ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ လုပ်ဆောင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်ပါတီဥက္ကဌနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရွှေစည်းခုံဘုရား ဆွမ်းဆန်စိမ်းလှူဒါန်းပွဲ
စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဧည့်ပြရွာ ရွှေစည်းခုံဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား (၂.၁၁.၂၀၁၇) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ကျင်းပရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ ၊ ရပ်ကျေးအဖွဲ့များ စုပေါင်း၍ ကျေးရွာသူ/သားများနှင့်အတူ ဆန်၊ မျက်နှာ သုတ်ပုဝါ၊ အချိုရည်ဘူးများ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့် ၊ ပဲလှော် ၊ ခေါက်ဆွဲ ခြောက်များ လှူဒါန်းခဲ့ပါသည်။
ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
ဇီးကုန်း နိုဝင်ဘာ ၎
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမဆောင်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းဇော်ထွန်းတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
မိုးမိတ်မြို့နယ် ပါတီရပ်/ကျေးများ လူငယ်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပွဲကျင်းပ
မိုးမိတ်မြို့နယ် ပါတီရပ်/ကျေးများ၊ လူငယ်အဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅-၁၁-၂၀၁၇) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ရာ ခရိုင်ပါတီဥက္ကဌ. ဦးစိုးမြင့် တက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များ ချပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ဥက္ကဌ ဒေါ်ခင်မြင့်ဌေးမှ တတိယ (၃) လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွန်ချက်များ ရှင်းလင်းခြင်းနှင့် ရှေ်ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရေး မှုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ လူငယ်အဖွဲ့ များမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ပုဗ္ဗသီရီမြို့ ဆင်ဖြူရှင်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်
နေပြည်တော် နိုဝင်ဘာ ၎
နေပြည်တော် ပြည်ထောင်စုနယ်မြေပုဗ္ဗသီရီမြို့နယ် တပ်ပုဗ္ဗမြို့ရှိ ဆင်ဖြူရှင်ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီကပြုလုပ်ခဲ့ရာ ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးကျော်ညွန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ ပါတီဝင်များနှင့် ရပ်မိရပ်ဖများစုံလင်စွာ တက်ရောက်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဇနီး ဒေါ်စိုးဝတ်ရည်နှင့်အဖွဲ့ဝင်များ ဇွဲကပင်တောင်ဆရာတော်ဘုရားကြီးနှင့် တောင်ကလေးဆရာတော်ဘုရားအား သွားရောက်ဖူးမျှော်ကြည်ညို
ဘားအံ နိုဝင်ဘာ ၅
မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကြောင်းဆွေးနွေး
မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်၊ ခရိုင်ကော်မတီဝင် ဦးကျော်ကျော်၊ မဘိမ်းမြို့နယ် ပါတီ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေနှင့် မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဦးစိုင်းမောင်မောင်ကျော်တို့သည် မဘိမ်းမြို့နယ် မလှိုင်ကုန်းကျေးရွာရှိ လူငယ်များနှင့် ယမန်နေ့နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ဆုံ၍ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ပါသည်။
credit >>> zaw lwin
ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ၁၀/၂၀၁၇ ကျင်းပ
ငဖဲ အောက်တိုဘာ ၃၁
ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန်အစည်းအဝေး ၁၀/၂၀၁၇ ကို နံနက် ၁၀းဝဝ နာရီအချိန်တွင် စတင်ကျင်းပရာ အစီအစဉ်အတိုင်း ခရိုင်ကော်မတီဝင်ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး တို့က ရှေ့ဆက်လုပ်ရမည့် ပါတီလုပ်ငန်းစဉ်များ၊ မှာကြားချက်များ၊ ပါတီအပေါ် ပြန်လည်သုံးသပ်ချက်နှင့် ဘဏ္ဍာရေးကိစ္စများအား အသီးသီး ဆွေးနွေးကြပါသည်။ထို့နောက် မြို့နယ်ကော်မတီဝင်များ၊ စည်းမှူးများမှ အပြန်အလှန် ဆွေးနွေးကြပြီး အစည်းအဝေးကို နေ့လည် ၁၂း၃၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
သံတွဲခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းဘုံကထိန်ပွဲသို့ ပဒေသာပင်တစ်ပင် ပါဝင်လှူဒါန်း
(၁.၁၁.၂၀၁၇) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန် သံတွဲမြို့နယ် ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲသို့ သံတွဲ ခရိုင် / မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တန်ဖိုး (၂၀၀၀၀၀ိ/-) တန် ပဒေသာပင်တစ်ပင် ပါဝင်လှူဒါန်းခြင်း၊ ကထိန် လှည့်လည်ပွဲတွင် မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များ လိုက်ပါပြီး ရခိုင်စည်တော် တီးခတ်၍ လုပ်အားဒါန ပေးလှူခဲ့ကြပါသည်။