ဘားအံ နိုဝင်ဘာ ၆
မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံညှိနှိုင်း
မုံရွာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မုံရွာခရိုင် ဥက္ကဌနှင့် မုံရွာမြို့နယ် ပါတီဥက္က၊ ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင် များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ၅.၁၁.၂၀၁၇ ရက်နေ့ ၁၂း၀၀ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီသည် မိမိတို့ပါတီတာဝန်များကို စဉ်ဆက်မပြတ် ဆက် လက် ဆောင်ရွက်သွားရှိကြရန်နှင့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်း များကို ၀ိုင်းဝန်းသုံးသပ် ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်တာဝန်များကို အရှိန်အဟုန်မပျက် ပုံမှန်ဆောင်ရွက်သွားရှိကြဖို့ ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်။
သီပေါတွင် ရပ်/ကျေးပါတီ လပါတ်အစည်းဝေး ကျင်းပ
သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းမှူးများ၏ လစဉ်လုပ်ငန်း ညှိ့နှိုင်းစည်းဝေးပွဲကို ၆.၁၁.၂၀၁၇ ရက်နေ့ ၀၉း၃၀ နာရီအချိန်က မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းနားသို့ ပြည်နယ်ကော်မတီဝင် ဦးစိုင်းစိန်လင်း ၊ခရိုင်ကော်မတီဝင် ဦးအုန်းမောင်၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်နှင့် မြို့နယ်ကော်မတီဝင်များ ၊ ရပ်/ကျေးစည်းရုံးရေးအဖွဲ့ ၀င်များ စုံညီစွာ တက်ရောက်ကြပါသည်။
ပြည်ခိုင်ဖြိုးပါတီမှ တန်းဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲ ပါဝင်ဆင်နွဲ
တန်းဆောင်မုန်းလပြည့်နေ့တွင် ရခိုင်ရိုးရာအစဉ်အလာမပျက် ဆင်ယင် ကျင်းပမြဲဖြစ်သော တန်းဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲကို နိုဝင်ဘာ ၃ ရက်နေ့က စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ရာ စစ်တွေမြို့သူမြို့သားများနှင့်အတူ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှလည်း ပါဝင်ကာ ဆွမ်းဆန်နှင့် တကွ လှူဖွယ်ဝတ္ထုများ လောင်းလှူခဲ့ကြ သည်။
ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်မောင်မယ်များ ဝေဘူချောင် ရှေးဟောင်းဇိနစေတီတော်ရင်ပြင်ရှေ့ သန့်ရှင်းရေး လုပ်အားဒါနပေးလှူ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပါတီဝင် လူငယ်မောင်မယ်များ အင်အား (၅၀) ဦး လိုက်ပါလျက် (၅-၁၁-၂၀၁၁) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အချိန်မှစ၍ နှစ်စဉ်ကျင်းပပူဇော်မြဲဖြစ် သော (၅၇) ကြိမ်မြောက် ရတနာသုံးပါး ပူဇော်ပွဲကြီး ကျင်းပပြုလုပ်မည့် ရှေးဟောင်းဇိနစေတီတော် ရင်ပြင်ရှေ့ကွင်းရှိ ခြုံနွယ်ပိတ်ပေါင်များအား ပြည်ခိုင်ဖြိုးလူငယ်မောင်မယ်များ စုပေါင်းသန့်ရှင်းရေး လုပ်အားဒါန ပေးလှူခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျေးရွာဘုံကထိန်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် နိုဝင်ဘာလ (၃) ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၀၉း၀၀) နာရီချိန်တွင် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်၌ စုပေါင်းဘုံကထိန်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်ကာ ကထိန် သင်္ကန်းကပ်လှူကာ ရေစက်ချ အမျှပေးဝေခဲ့သည်။ယင်းနောက် ညနေ (၀၄း၃၀) နာရီချိန်တွင် ကလော့ – အပြိုင်ကျေးရွာ၏ (၂၇) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဖိုး၊ အဖွားတို့အား ပူဇော်ကန်တော့ခဲ့သည်။
တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
၆ -၁၁ – ၂၀၁၇ ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မျက်စိမျက်မှန် အခမဲ့ကုသရေးလုပ်ငန်းများကို (၇-၁၁-၂၀၁၇) မှ (၉ -၁၁ -၂၀၁၇) အထိ လုပ်ဆောင်မည့် အစီအစဉ်များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်/ မြို့နယ် ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ လုပ်ဆောင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်ပါတီဥက္ကဌနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရွှေစည်းခုံဘုရား ဆွမ်းဆန်စိမ်းလှူဒါန်းပွဲ
စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဧည့်ပြရွာ ရွှေစည်းခုံဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား (၂.၁၁.၂၀၁၇) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ကျင်းပရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ ၊ ရပ်ကျေးအဖွဲ့များ စုပေါင်း၍ ကျေးရွာသူ/သားများနှင့်အတူ ဆန်၊ မျက်နှာ သုတ်ပုဝါ၊ အချိုရည်ဘူးများ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့် ၊ ပဲလှော် ၊ ခေါက်ဆွဲ ခြောက်များ လှူဒါန်းခဲ့ပါသည်။
ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
ဇီးကုန်း နိုဝင်ဘာ ၎
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမဆောင်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းဇော်ထွန်းတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
မိုးမိတ်မြို့နယ် ပါတီရပ်/ကျေးများ လူငယ်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပွဲကျင်းပ
မိုးမိတ်မြို့နယ် ပါတီရပ်/ကျေးများ၊ လူငယ်အဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅-၁၁-၂၀၁၇) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ရာ ခရိုင်ပါတီဥက္ကဌ. ဦးစိုးမြင့် တက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များ ချပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ဥက္ကဌ ဒေါ်ခင်မြင့်ဌေးမှ တတိယ (၃) လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွန်ချက်များ ရှင်းလင်းခြင်းနှင့် ရှေ်ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရေး မှုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ လူငယ်အဖွဲ့ များမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။