မိုင်းဆတ်​မြို့နယ်​ လစဉ်​ပုံမှန်​ညှိနိုင်းအစည်းအ​ဝေးပြုလုပ်

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊မိုင်းဆတ်​မြို့နယ်​၊ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန် ​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးကို မိုင်းဆတ်​မြို့နယ်​ မြို့နယ်​ပါတီဥက္ကဌ ဦးဒါဝိဒ်​နှင့် မြို့နယ်​​ကော်​မတီဝင်များ၊ရပ်ကျေး               ခေါင်းဆောင်းများဖြင့့်(၂၉.၁.၂၀၁၈)ရက်​​နေ့တွင်​ မိုင်းဆတ်​ပါတီရုံးအစည်းအ​ဝေးခန်းမတွင်​​တွေ့ဆုံခဲ့ပြီး ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းများ ​ဆောင်​ရွက်​နိုင်​​ရေးအတွက်​ ရပ်​ကွက်​၊​ကျေးရွာပါတီ​ခေါင်း​ဆောင်​သစ်​များဖြင့် ပြန်လည်​ဖွဲ့စည်းခန့်အပ်တာဝန်ပေးအပ်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် နှင့် မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် လူငယ်တွေ့ဆုံပွဲကို စေတုတ္တရာ မြို့နယ်ခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့ရာ ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးပိုက်ထွေး မှအမှာစကားပြောကြားခဲ့ပါသည် ။ အခမ်းအနားကို မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင့် တိုင်းကော်မတီဝင်များ မင်းဘူးခရိုင်ကော်မတီဝင်များ မင်းဘူးမြို့နယ် ကော်မတီဝင်များ စလင်းမြို့နယ်ကော်မတီဝင်များ ပွင့်ဖြူမြို့နယ်ကော်မတီဝင်များ ငဖဲမြို့နယ်ကော်မတီဝင်များ စေတုတ္တရာမြို့နယ်ကော်မတီဝင်များ လူငယ်ကေဒါများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးသို့ တက်ရောက်ကြည်ညို

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ၃၀-၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သော ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကျင်းပရာသို့ တက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများ နာယူခဲ့ပါသည်။


ပဲခူး(အနောက်)၊ပြည်ခရိုင် အမျိုးသမီးရေးရာတွေ့ဆုံပွဲ

 

ပြည်ခရိုင်၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအခန်းအနားကိုဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊တိုင်းပါတီဥက္ကဌဦးစောမော်ထွန်း၊ဒုတိယဥက္ကဌ ဦးအောင်ချိုဦးနှင့် တိုင်းကော်မတီဝင်များ             ပြည်ခရိုင်ကော်မတီဝင်များ(၆)မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များစုံညီစွာတက်ရောက်ကြသည်။


ရေတာရှည်၌ ရွာလုံးကျွတ်နီးပါး ပါတီဝင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်း၊ အတွင်းရေးမှူး ဦးစိုးသီဟနှင့် မြို့နယ်ကော်မတီဝင်များသည် အထက်သိုင်းနယ် သစ်ပုတ်ပင်ကျေးရွာအုပ်စုအတွင်း ရှိ ကျောက်တလုံးရွာ၊ ဘန့်ဘွေးပင်ရွာများသို့ ယခုလ ၂၅ ရက်မှ ယနေ့အထိ နယ်မြေကွင်းဆင်း၍ ရွာလုံးကျွတ်နီးပါး ပါတီဝင်ကြ မည့်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စုပေါင်းအဆိုပြုလွှာပေး အပ်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် စုပေါင်းညှိနှိုင်းဆွေး နွေးခဲ့ကြသည်။

သိန်းမြင့်ထွန်း(ရေတာရှည်)

လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်အဆိုပြုလွှာ ၃၆၅စောင် ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်ကော်မတီရုံးတွင် ယနေ့ နံနက် ၁ဝ နာရီက ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိုးက ပါတီဝင် အင်အားတိုးတက်ရေး၊ ပါတီစည်း ကမ်းလိုက်နာရေးနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ကျုံပျော်မြို့နယ် ရေစခန်း တိုက်နယ် ဘောဇုတ်ကျေးရွာအုပ်စု ကြာမန်းကျေးရွာနှင့် ဆင်ကောင်း ကျေးရွာအုပ်စု ကြာမန်းရွာများ၏ ဒေသခံပြည်သူများမှ ပြည်ခိုင်ဖြိုး ပါတီဝင်ခွင့် အဆိုပြုလွှာများကို ယနေ့နံနက် ၉ နာရီက စုပေါင်း ပေးအပ်ကြသည်။

တွံတေးပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာဆေးကုအဖွဲ့ ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များမှ ဖြိုးစေတနာအခမဲ့ဆေးကုသရေး အဖွဲ့နှင့် ယမန်နေ့ နံနက်မှ ညနေ အထိ တွံတေးမြို့နယ် ခလုတ်ကျေး ရွာအုပ်စု ခရက္ခရာကျေးရွာသို့ သွားရောက်၍ ကျန်းမာရေးဆေး ကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများကို စာအုပ်များလှူဒါန်း

 

ရန်ကုန်မြို့ ဒဂုံ(တောင်)မြို့နယ် (၁၄ဝ)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကျော်စိုးလင်း၏နေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီက ဗလာစာအုပ် လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ဆူးလေစေတီတွင် ဆွမ်းဆန်စိမ်းလောင်းလှူ

ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ (၁၃)မြို့နယ်ပါတီဝင်များသည်ယနေ့ မွန်းလွဲ ၃ နာရီခွဲက ဆူးလေစေတီ တော်ကြီး၏ (၁ဝ၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲအထိမ်း     အမှတ် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင် လောင်းလှူခဲ့ကြသည်။