တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Peace and Development ဖောင်ဒေးရှင်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Madam Yu Xiaoxuan ခေါင်းဆောင်သည့် အဖွဲ့ဝင်ကိုးဦးပါ ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် China Peace and Development ဖောင်ဒေးရှင်း၏ ပရဟိတလုပ်ငန်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ချစ်ကြည်ရေးတိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းများကို နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။



