သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးဆင့်ပွားသင်တန်းအမှတ် ၁/ ၂ဝ၁၈ ဖွင့်လှစ်

 

ရခိုင်ပြည်နယ်သံတွဲခရိုင်သံတွဲ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပ သည့် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း ၁/၂ဝ၁၈ ဖွင့်ပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗဟို ကော်မတီဝင် ဦးလှဟန်၊ ပြည်နယ် ကော်မတီဝင် ဦးတင်မောင်သန်း၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် ခရိုင် ကော်မတီဝင်ဒေါ်ဝင်းမင်းမာထွန်း၊ ဦးသန်းစိုး၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးစန်းနိုင်၊အတွင်းရေးမှူးဦးကြည်ရွှေ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးခေါင်းဆောင်များ၊ သင်တန်း သား သင်တန်းသူများတက်ရောက် ခဲ့ကြပြီး ၁/၂ဝ၁၈ ဆင့်ပွားသင် တန်းကို အောင်မြင်စွာဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှကြီးမှူးသည့် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၄/၂၀၁၈) ကျောက်ဖြူခရိုင်တွင်ဖွင့်လှစ်

 

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျောက်ဖြူခရိုင်ပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်၊၊

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းမှူး ပြည်နယ်ကော်မတီဝင် ဦးသိန်းနုမှ သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်၊၊

မအူပင်မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေးပါတီ​ဥက္ကဋ္ဌ တာဝန်​​ပေးအပ်​ပွဲအခမ်းအနားကျင်းပ

 

၁၆.၂.၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေး ပါတီ​ကော်​မတီဥက္ကဋ္ဌ တာဝန်​​ပေးအပ်​ပွဲ အခမ်းအနားမှာ ဧရာဝတီတိုင်း       ​ဒေသကြီး ပြည်​​ထောင်​စုံကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုးပါတီဥက္ကဌ ဦးဥာဏ်လင်း ၊ တိုင်းပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုင်းပါတီကော်မတီဝင်       ဒေါ်ခင်စောမူနှင့် ခရိုင်ပါတီဥက္ကဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ၊ ရပ်​ကွက်/​ကျေးရွာအုပ်​စုများမှ ပါတီ​ဥက္ကဋ္ဌနှင့်​​ကော်​မတီဝင်​များ        တက်​​ရောက်​ခဲ့ပါသည်။
ဆက်​လက်​ပြီး တိုင်းပါတီ ဥက္ကဌ ဦးဥာဏ်လင်းက အဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမြတ်ဟိန်း တက်ရောက် – – – – – – – – – – – – – – –

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေဝါထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌဦးမြတ်ဟိန်း ဗဟိုတွင်းရေးမှူးဦးပိုက်ထွေးနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ          ဦးစာမော်ထွန်း တိုင်းဒေသကြီးပါတီ ဒုဥက္ကဌဦးအောင်ချိုဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ကြ           ပါသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင် တာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦီးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ ခရိုင်၊မြို့နယ်၊ရပ်/ကျေး ပါတီကော်မတီဝင်များ စုစုပေါင်းအင်အား ၃၇၁ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုပြည့်(တောင်သာ)


ဆိပ်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစု သံဃာအပါး ၉ဝ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ရှေး ဟောင်းသမိုင်းဝင်ရှင်ပင်အလိုတော်ပေါက်စေတီတော် မြတ်ကြီးဗုဒ္ဓါဘိသေကမင်္ဂလာအနေကဇာတင်ပွဲနှင့် ပင့်သံဃာအပါး ၉ဝ တို့အား ဆွမ်းဘောဇဉ်ဆက် ကပ်လှူဒါန်းပွဲကို မြောက်ရွာမကျေးရွာ၌ နံနက် ၁ဝ နာရီခွဲတွင်ကျင်းပရာ ဆိပ်ဖြူပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်၊ အတွင်းရေးမှူး ဦးလေးမောင်နှင့် မြို့ နယ်ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီဝင် များတက်ရောက်ပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

လှည်းကူးပြည်ခိုင်ဖြိုးပါတီဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး လှည်း ကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စများ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ် လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှတိုင်းဒေသကြီး ကော်မတီဝင် လှည်းကူးမြို့နယ် တာဝန်ခံဦးခင်မောင်တင့်၊ မြောက် ပိုင်းခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်အတွင်းရေးမှူး ဦးကျော်စိုး ဝင်းနှင့် မြို့နယ်ကော်မတီဝင်များ သည်ဖောင်ကြီးတိုက်နယ်ဖောင်ကြီး အရှေ့ကျေးရွာမှ ရပ်မိရပ်ဖများ၊ ပါတီအမာခံများနှင့် တွေ့ဆုံ၍ ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံတော် ၏နိုင်ငံရေးတရားဥပဒေစိုးမိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ရခိုင်ပြည်နယ် စစ်တွေခရိုင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း (၃/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအား အလေး ပြုကာနိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ် ပါတီအတွင်းရေးမှူးဦးသန်းဝေ(ဗဟိုကော်မတီဝင်) က အဖွင့်အမှာစကားပြောကြားခဲ့သည်။

လောင်းလုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ ဝင် ၁ဝဝ အား အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင်အုပ်စု ကရင်ကြီး ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား တွင် တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးဦးနေမျိုး၊ ထားဝယ်ခရိုင် ပါတီဥက္ကဋ္ဌဒေါက်တာဦးဝင်းအောင် နှင့် လောင်းလုံးမြို့နယ် ပါတီဥက္ကဋ္ဌဦးတင်မောင်မြင့် တို့က အမှာစကားပြောကြားပေးခဲ့ကြသည်။

တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီနှင့် ကျေးရွာ​ခေါင်း​ဆောင်​များ ​တွေ့ဆုံ

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊တာချီလိတ်​မြို့ ပြည်ထောင်​စုကြံ့ခိုင်​​ရေးနှင့့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း၊ခရိုင်​အတွင်း​ရေးမှူျးနှင့်ခရိုင်​​ကော်​မတီဝင်​များ၊မြို့နယ်​ဥက္ကဌ၊မြို့နယ်​​ကော်​မတီဝင်​များလိုက်​ပါ၍(၁၄.၂.၂၀၁၈)ရက်​​နေ့တွင်​ တာချီလိတ်​မြို့နယ်​၊​အောက်​မိုင်းဟဲ​ကျေးရွာအုပ်​စု၊ပန်​ကူရွာသို့ သွား​ရောက်​ခဲ့ပြီး ပန်​ကူရွာရှိ ​ကျေးရွာခန်းမ​ဆောင်​တွင်​ ပန်​နယ်​၊ကာန၊ပန်​စလီ​ကျေးရွာများမှ ​ကျေးရွာပါတီ​ခေါင်း​ဆောင်​များနှင့် တွေ့ဆုံ၍ ​ရေးရာကဏ္ဍာအလိုက်​ လှုပ်​ရှား​ဆောင်​ရွက်​​နေမူများအား​ဆွေး​နွေးခြင်း၊​ကျေးရွာများတွင်​ပါတီအမျိုးသမီး​ရေးရာ၊လူငယ်​​ရေးရာအဖွဲ့များ ဖွဲ့စည်းနိုင်​​ရေးအတွက်​ ​ဆွေး​နွေးခဲ့ကြပြီး ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်းမှ ​ကျေးရွာ​ကောင်း​ဆောင်​များအား ဂုဏ်​ပြုမှတ်​တမ်းနှင့် လက်​​ဆောင်​ပစ္စည်းများ​ပေးအပ်​ချီးမြှင့်​ခဲ​ကြောင်းသိရှိရပါသည်​ ။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ