တပ်မတော်နေ့စစ်ရေးပြအခမ်းအနားနှင့်ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးတက်ရောက်
၂ဝ၁၈ ခုနှစ် မတ် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်စစ်ရေးပြကွင်းကြီးတွင်ကျင်းပခဲ့သည့် (၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင်ကျင်းပခဲ့သော (၇၃)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များနှင့်ဇနီးများ တက်ရောက်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်ဇနီးအား ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက် ခဲ့ကြောင်း သိရသည်။
Union daily
မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စာဖြေသံဃာတော်များအား ဖျော်ရည်များဆက်ကပ်လှူဒါန်း
မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံမြို့နယ် အမှတ်(၂)ရပ်ကွက် ရွှေပြည်စိုးသာသနာ့ဗိမာန်တော်တွင် မြတ်ဗုဒ္ဓ၏တရားတော်များဖြေဆိုလျက်ရှိသော ပါဠိပထမပြန် စာမေးပွဲ(ကြီး၊ ငယ်၊ လတ်၊ မူ)စာဖြေသံဃာတော် ၂၆၈ ပါးတို့အား မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် စတော်ဘယ်ရီဖျော်ရည်များဆက်ကပ်လှူဒါန်းခဲ့ကြရာ ယင်းလှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ပါတီဝင်လူငယ်အမျိုးသမီးများတက်ကြွစွာ ပါဝင်ကူညီလှူဒါန်းကြကြောင်းသိရသည်။
မြင်းခြံမျိုးကို
ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား
ဖရူဆိုမြို့၊ မတ်လ ၂၈
လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နွားလ၀ိုးကျေးရွာအုပ်စု ပဒါးညေးရွာပါတီဝင်တွေ့ဆုံပွဲနှင့် ချိကယ်ကျေးရွာအုပ်စု လွယ်တမူရွာအ၀င်အထွက် ဆိုင်းဘုတ်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း
လွိုင်ကော်မြို့၊ မတ်လ ၂၆
မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီကော်မတီဝင်များ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း ၀၀ နာရီအချိန်တွင် တိုင်းပါတီအစည်းအဝေးခန်းမ၌ြ ပုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ တက်ရောက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်
လျက် ရှိပါသည် ။
Min Zaw
သာကေတပြည်ခိုင်ဖြိုးပါတီမှ အခြေခံအဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်
ပြည်ခိုင်ဖြိုးပါတီ သာကေတမြို့နယ် မြို့နယ်ပါတီရုံးခန်းမတွင် ယနေ့(28-3-2018)နေ့နံက်{၈း၀၀}နာရီအချိန်တွင် အမျိုးသမီးဘဝမြှင့်တင်ရေး အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအခမ်းအနားတွင် ရန်ကုန်တိုင်းပါတီအတွင်းရေးမူးဦးသာဝင်းမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များမြို့နယ်ပါတီနာယကများမြို့နယ်ပါတီဥက္ကဌအတွင်းရေးမူးနှင့်မြို့နယ်ကော်မတီဝင်များရပ်ကွက်ပါတီဥက္ကဌများ စက်ချုပ်သင်တန်းသူများ အင်အား(၇၂)ဦးတို့ဖြင့် အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မတ်(၂၅)ရက်နေ့တွင် နံနက် (၉) နာရီချိန်တွင် မန္တလေးရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် ဦးလှထွန်း၊ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဦးစိုးထွန်းတို့ တက်ရောက်ခဲ့ကြကာ၊ အခြားပါတီမှ အဖွဲ့ဝင်များလည်းတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား
ဒီးမော့ဆိုမြို့၊ မတ်လ ၂၆
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်နှင့် မြို့နယ်ပါတီက နွေရာသီသင်တန်းများ ဖွင့်လှစ်
၂၄ မတ်၂၀၁၈
ဂန့်ဂေါခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ၍ လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက် အဆင့်သင်ပြင်နိုင်ရေး ရည်ရွယ်လျက် ကွန်းပျူတာအခြေခံသင်တန်း၊ အင်္ဂလိပ်စာ ဂရမ်မာ သင်တန်းနှင့် မိုဘိုင်းဖုန်းပြုပြင်ခြင်း အခြေခံသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ပြီး၊ သင်တန်းနည်းများ အနေဖြင့် ပညာဒါန အခမဲ့ ကူညီဆောင်ကြခြင်း ဖြစ်ပါသည်။ သင်တန်းကာလ တစ်လ ကြာမြင့်မည်ဖြစ်သည်။