ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ် ခရိုင် မြို့နယ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံ

 

ဘားအံ မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ပါတီ ဒေါနခန်းမတွင် ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တွေ့ဆုံပွဲခန်းမအတွင်း ဝင်ရောက်ရာ တွင် တက်ရောက်လာသူများကို လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများအား စနစ်တကျဆောင် ရွက်စေပြီး ခန်းမအတွင်း၌ ထိုင်ခုံများကို (Social Distancing) ခေါ် လူတစ်ဦးနှင့်တစ်ဦး သုံးပေခြား ထိုင်နည်းစနစ်များအား စနစ်တကျပြုလုပ်ပြီး အခမ်းအနားစတင်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဟားခါးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ

 

ဟားခါး မတ် ၂၄ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ နံနက် ၈နာရီ ၄၅ မိနစ်တွင် ဟားခါးမြို့နယ်ပါတီရုံး၌ ဟားခါးခရိုင်နှင့် ဟားခါးမြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာ၌ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက တက်ရောက်လာကြသည့် ပါတီတာဝန်ရှိသူများအား ပါတီ လုပ်ငန်းဆိုင်ရာ အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကား အကျယ်တဝင့် ရှင်းလင်းပြောကြားကာ နံနက် ၉ နာရီ ၁၅မိနစ်တွင် ရပ်နားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံ ချင်းတိုင်းရင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

 

မတ် ၂၃ ၊ ဟားခါး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဟားခါးမြို့နယ်အတွင်းရှိ ချင်းတိုင်းရင်း သားများ နေထိုင်ရာကျေးရွာများမှ ဒေသခံများအား ယမန်နေ့ မွန်းလွဲပိုင်းက ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။

ပြည်သူ့အတွက် အာမခံချက်

 

* နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းများ၌ အမျိုးသားအကျိုးစီးပွားကို ထိခိုက် စေသော လုပ်ငန်းများအား ပြန်လည်သုံးသပ်ဆောင်ရွက် သွားမည်။


“ပြည်သူ့အတွက် အာမခံချက်”

 

* တောင်သူလယ်သမားရေးရာ ၀န်ကြီးဌာန  ချက်ချင်းဖွဲ့စည်းမည်။

လယ်ယာစိုက်ပျိုး ရေးကဏ္ဍနှင့် တောင်သူလယ်သမားများ၏

အရေးအရာ အားလုံးကို ထိရောက်စွာ  ဖြေရှင်းဆောင်ရွက်ပေးမည်။


ပြည်သူ့အတွက် အာမခံချက်

 

* လယ်ယာထုတ်ကုန်များ သင့်တင့်မျှတသည့်

ဈေးနှုန်းရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမည်။


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ပါတီတာဝန်ရှိသူများမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၆) လ ကျခံရသည့် ဦးတင်စိုး၏ မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြား

 

မတ် ၁၈၊ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် မန္တလေးတိုင်းဒေသကြီးပါတီမှ တာဝန်ရှိသူများသည် ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်သို့သွားရောက်ပြီး ၁၃ရက်နေ့တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၆) လ ချမှတ်ခြင်းခံခဲ့ရသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ နေအိမ်သို့ သွားရောက်ပြီး မိသားစုဝင်များအား တွေ့ဆုံကာ အားပေးနှစ်သိမ့်စကားများပြောကြားခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီမှ ပြွန်တန်ဆာမြို့မ (၁) အောက်စု အရပ်တွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်

 

မတ် ၁၈၊ ညောင်လေးပင်

ပြည်သူများ၏ ဆေးဝါးကူညီလှူဒါန်းမှုများဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများအား ၁၈-၃-၂၀၂၀ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မ (၁) အောက်စုအရပ်တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြပါသည်။

ဆေးကုသစောင့်ရှောက်ပေးမှုများနှင့်အတူ ပြည်သူများအား Corona Virus အခြေအနေအမှန်များနှင့် ဆောင်ရွက်ရန် ကိစ္စအရပ်များ၊ ရှောင်ရန်အကြောင်းအရာများကိုလည်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ရမည်းသင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

မတ်​(၁၈)၊ရမည်းသင်း

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည်​ ယ​မန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်​က ရမည်းသင်း ခရိုင်​ပါတီရုံးခန်းမတွင်​ ရမည်းသင်းခရိုင်​နှင့်​ ခရိုင်​အတွင်းရှိမြို့ နယ်​ပါတီများမှ တာဝန်​ရှိသူများနှင့်​ တွေ့ဆုံ ခဲ့သည်​။

တွေ့ဆုံရာတွင်​ ရမည်းသင်းခရိုင်​၊ ရမည်းသင်းမြို့နယ်​နှင့်​​ ပျော်​ဘွယ်​မြို့နယ်​တို့မှ ပါတီတာဝန်​ရှိသူများက တစ်ဦးချင်း မိတ်​ဆက်​စကားများ ​ပြောကြားခဲ့ပြီး​နောက်​  ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ လမ်းညွှန်​အမှာစကား​ပြောကြားခဲ့သည်​။

ပါတီဗဟိုအတွင်းရေးမှူး တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ဆေးကုရာသို့ သွားရောက်အားပေး

 

ရန်ကုန် မတ် ၁၈

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက သဘော့ချောင်း ကျေးရွာ၊ ရေဓနဲရိကျေးရွာအတွင်း ရေကျော်ကျေးရွာ ရပ်မိ/ရပ်ဖ ဒေသခံများနှင့် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာနေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြောင်း သိရသည်။