
ရှမ်းပြည်နယ်(တောင်ပိုင်း)ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့်အတူပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဒေါ်ဝါဝါထွေး၊ ဒေါ်နန်းဆိုင်နွမ်း၊ ဦးစိုင်းစံဝင်း တို့သည် လင်းခေးခရိုင်ပါတီရုံးတွင်လင်းခေးခရိုင်ဥက္ကဌနှင့်ကော်မတီဝင်များ၊လင်းခေးမြို့နယ်၊မိုင်းပန်မြို့နယ်၊မောက်မယ်မြို့နယ်များမှဥက္ကဌနှင့်ကော်မတီဝင်များ အားတွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပြည်နယ်ပါတီဥက္ကဌဦးစိုင်းလုံကျော်ကဗဟိုပါတီဥက္ကဌ၏ လုပ်ငန်းလမ်းညွှန်ချက် များအား ဆွေးနွေးခြင်း ရက် ၉၀ စီမံချက်နှင့်စပ်လျဥ်း၍ မြို့နယ်များမှအချက်(၁၇)ချက်အပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုညှိနှိုင်းဆွေးနွေးခြင်း၊အသွင်သစ်ဆက်ဆံရေး၊ပါတီဟောင်းများနှင့်မိသားစုဝင်များတွေ့ဆုံရေး၊mediaကဏ္ဍမှဆောင်ရွက်ရမည် ကိစ္စများဆွေးနွေးခြင်း၊မြို့နယ်အလိုက် viber group များချိတ်ဆက်နိုင်ရေး ဆောင်ရွက်ပေးခြင်း ၊လာမည့် ရွှေးကောက်ပွဲတွင်PR အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမည့် ကိစ္စ၊၂၀၂၃ခုနှစ်ရွှေးကောက်ပွဲကျင်းပနိုင်မည်အခြေအနေတို့အား ဆွေးနွေးခဲ့ပါသည်။











