
ပြည်ထောင်စုရာထူးဝန်အဖွဲ့က e-Learning စနစ်ကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။ အဲဒီ e-LS (e-Learning System Portal) ကို မကြာမီ အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) နဲ့အညီ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေကို ဝန်ဆောင်မှုကောင်း ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ e-Government လုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ အိုင်စီလုပ်ငန်းတွေကို လက်ရှိအခြေအနေ ထက်ပိုမိုတိုးတက်ဖွံ့ဖြိုး စေရေးကို စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကပြော ကြားထားပါတယ်။









