မျက်နှာပြင်အပြည့် စမတ်ဖုန်းခေတ်အတွက် အသင့်ဖြစ်နေတဲ့ OPPO F5 Youth

မိုဘိုင်းဖုန်းထုတ်ကုန်တွေရဲ့ရေစီးကြောင်းဟာ ၂၀၁၇ခုနှစ် မကုန်ခင်အချိန်မှာ ပြောင်းလဲမှုတစ်ခုအသွင် အဖြစ်ပေါ်ထွက် လာခဲ့ပါပြီ။ ဖုန်းတစ်လုံးကို ချက်ချင်းကိုင်တွယ်အသုံးပြုချိန်မှာ သိသိသာသာမြင်တွေ့ရတဲ့ အချက်ကတော့ ဖုန်းမျက်နှာပြင်ပါပဲ။ အသုံးပြုသူတွေဟာ ဖုန်းတစ်လုံးရဲ့မျက်နှာပြင်အရွယ်အစားကိုရွေးချယ် လာကြတဲ့အပြင် Full Screen မျက်နှာပြင်အပြည့်ဖုန်းတွေကို ပိုပြီးစိတ်ဝင်တစား စောင့်ကြည့်လာကြ တယ်ဆိုတာကို ဈေးကွက်အခြေအနေတွေအရတွေ့ရှိရပါတယ်။

သူငယ်ချင်းတွေနဲ့အတူ Instagram မှာ Live လွှင့်နိုင်ပြီ

ပြီးခဲ့တဲ့ နွေတုန်းက စမ်းသပ်ခဲ့ပြီး Instagram ဟာ သူငယ်ချင်းတွေနဲ့အတူ Live လွှင့်နိုင်တဲ့ လုပ်ဆောင်ချက် ကို ထည့်သွင်းပေးလိုက်ပါပြီ။ User တွေဟာ ယခုအခါမှာ Live လွှင့်နေတုန်းမှာ သူတိုရဲ့ broadcast ကို ကြည့်နေတဲ့သူ တစ်ဦးကိုဝင်ရောက် ပူးပေါင်းဖို့အတွက် ဖိတ်ခေါ်နိုင်ပြီဖြစ်ပြီး လက်ခံလိုက်ရင် Interface ကို split screen အနေနဲ့မြင်တွေ့ရမှာပါ။

Twitter တွင် စာလုံးရေ ၂၈၀ အထိ ရေးသားနိုင်ပြီ

စက်တင်ဘာလက ရွေးချယ်ထားသည့် သုံးစွဲသူအချို့ထံ အောင်မြင်စွာ စမ်းသပ်ခဲ့ပြီးနောက် သုံးစွဲသူအားလုံး အတွက် စာလုံးရေ ကန့်သတ်ချက် ၁၄၀ ကို နှစ်ဆတိုးမြှင့် လိုက်ပြီဖြစ်တယ်လို့ Twitter က ကြေညာလိုက် ပါတယ်။

“ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေကြုံတွေ့ခဲ့ရတဲ့ ပြဿနာကို စောင့်ကြည့်နားထောင်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမယ့် အရေးကိစ္စတွေကို လေ့လာပြီးတဲ့နောက် ဒီအပြောင်းအလဲကို ကျွန်တော်တို့ စတင်လိုက် ပါတယ်” လို့ Twitter ထုတ်ကုန်မန်နေဂျာ Aliza Rosen က ပြောကြားခဲ့ပါတယ်။

ဘက်ထရီမပါဝင်တဲ့ လျှပ်စစ် supercar ကိုဖန်တီးဖို့ Lamborghini နဲ့ MIT ပူးပေါင်း

Lamborghini ဟာ ဘက်ထရီမပါဝင်တဲ့ လျှပ်စစ် supercar သစ်ကို ထုတ်လုပ်ဖို့ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT) ကအင်ဂျင်နီယာတွေနဲ့ တွဲဖက်ဖန်တီးနေပါတယ်။ ဘက်ထရီမပါဘဲ စမ်းသပ်နေတဲ့ Lamborghini Terzo Millennio လို့အမည်ရတဲ့ concept ကားဟာ exotic carbon nanotubes နဲ့ဖန်တီးထားတဲ့အတွက် စွမ်းအင် ဖြည့်တင်းနိုင်တဲ့ supercapacitor အဖြစ် အလုပ်လုပ်နိုင်ပါတယ်။

iPhone X မှာအကောင်းဆုံး စမတ်ဖုန်း display ဟု Displaymate သတ်မှတ်

DisplayMate မှ ကျွမ်းကျင်ပညာရှင်တွေက edge-to-edge ဒီဇိုင်းအသုံးပြုထားတဲ့ iPhone X ရဲ့ display ကို စမ်းသပ်ခဲ့ပြီး တီထွင်ဆန်းသစ်မှု အရှိဆုံး display လို့ခေါ်ဆိုခဲ့ပါတယ်။ Apple အနေနဲ့ iPhone X မှာ OLED display စင်စစ်ကို အသုံးမပြုထားပါဘူး။ Apple ကဖန်တီးထားတဲ့ Precision Display Calibration ကြောင့် ထုတ်ကုန်ဟာ စွမ်းဆောင်ရည်မြင့်မားလာပြီး တိကျတဲ့ display ဖြစ်လာတယ်လို့ DisplayMate မှကျွမ်းကျင် သူတွေက ပြောခဲ့ပါတယ်။

Gmail မှာ Add-ons တွေ ထည့်သွင်းနိုင်ပြီ

 

ဒီနှစ်အစောပိုင်းမှာ Google ဟာ Gmail အတွက် add-ons တွေကို ခွင့်ပြုပေးလိုက်ကြောင်းကို ကြေညာခဲ့ပြီး ဒီတစ်ခါတော့ အားလုံး၊ တကယ်ရရှိတော့မှာပါ။ ဒီနေ့မှာ ထုတ်ဖော်ခဲ့မှုအရ add-ons တွေဟာ Gmail အတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ third-party developers တွေနဲ့ သူတို့ရဲ့ Service တွေကို တိုက်ရိုက် ထည့်သွင်းခွင့် ပြုမှာပါ။ ပထမဆုံး partner တွေအနေနဲ့ Asana, Trello, DialPad, Intuit QuickBooks နဲ့ Wrike တို့ကို တွေ့ရမှာပါ။

iPhone X များကို ပြည်တွင်းဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်

 

မကြာခင်က မိတ်ဆက်ပေးခဲ့တဲ့ iPhone X တွေကို ပြည်တွင်းဈေးကွက်အတွင်း ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဈေးကွက်အတွင်း ရောက်ရှိနေတဲ့ iPhone X တွေအနေနဲ့ မော်ဒယ်အမျိုးအစားနဲ့ ရောင်းချတဲ့ ဆိုင်တွေပေါ် မူတည်ကာ ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်မှ ကျပ်နှစ်ဆယ့်ခုနှစ်သိန်း ဝန်းကျင်းခန့်ရှိတာကို တွေ့ရပါတယ်။ Storage တွေအနေနဲ့ ကတော့ 256GB နဲ့ 64GB ဆိုပြီး ဈေးကွက်အတွင်း ​ရောက်လျက်ရှိတာကို တွေ့ရ ပါတယ်။

ကမ်းခြေများတွင် တယ်လီနောမှ 4G/LTE ဝန်ဆောင်မှုပေး

 

 

မြန်မာနိုင်ငံတွင်း ထင်ရှားတဲ့ကမ်းခြေတွေမှာ တယ်လီနေကနေ 4G/LTE ၀န်ဆောင်မှုကို တိုးချဲ့ပေးအပ်နေပြီ လို့သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်နှင့်ချောင်းသာ ကမ်းခြေ၊ ရခိုင်ပြည်နယ်ရှိ ငပလီ ကမ်းခြေတွေမှာ ယခု သီတင်းပတ်မှစတင်ကာ တယ်လီနောရဲ့ 4G/LTE ဝန်ဆောင်မှုတွေ ရရှိနေတာာ ဖြစ်တယ်လို့ သိရပါတယ်။

ZTE Axon M ကို နိုဝင်ဘာ ၁ ရက်တွင် စတင်မှာယူနိုင်မည်

 

၅.၂ လက်မ screen နှစ်ခုပါဝင်တဲ့ Axon M ဟန်းဆက်ကို AT&T ကနေ အထူးသီးသန့်အနေနဲ့ ရောင်းချ သွားမယ်လို့ ZTE က ကြေညာခဲ့ပြီးနောက် အခုအခါ ဟန်းဆက်ကို စတင်မှာ ယူနိုင်မယ့်နေ့နဲ့ ရောင်းချမယ့် နေ့ကို AT&T က ကြေညာလိုက်ပါတယ်။