
ဟောင်ကောင်မှာတော့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့လို့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဒဏ်ရာ ရသွားပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံတွေ ၀တ်ထားတဲ့ ရဲတပ်ဖွဲ့ဟာ နာမည်ကျော်ဈေးဝယ်လမ်းတစ်ခုကို ပိတ်ပြီးဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြပါတယ်။

ဟောင်ကောင်မှာတော့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့လို့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဒဏ်ရာ ရသွားပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံတွေ ၀တ်ထားတဲ့ ရဲတပ်ဖွဲ့ဟာ နာမည်ကျော်ဈေးဝယ်လမ်းတစ်ခုကို ပိတ်ပြီးဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံနယ်စပ်မှ ရွှေ့ပြောင်းလာသူတွေ အလုံးအရင်း ၀င်ရောက်လာမှုကို ဖြေရှင်းမယ့် ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အုပ်ထိန်းသူမဲ့ ကလေးငယ်တွေကို သင့်တော်တဲ့နေအိမ်တွေမှာ နေရာချထားဖို့၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံမှုဆိုင်ရာထောက်ပံ့ ကူညီမှုတွေ အတွက် အဲဒီ ၄ ဒဿမ ၆ ဘီလီယံထဲက ၃ ဘီလီယံနီးပါးကို ကျန်းမာရေးနဲ့ လူသားချင်း အကူအညီပေး ရေးဌာနကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဘေဂျင်ဒါဇင်း အပြည်ပြည်ဆိုင်ရာလေဆိပ် (Beijing Daxing International Airport) တည်ဆောက်မှု လုပ်ငန်းဟာ တနင်္ဂနွေ့နေ့ (ဇွန် ၃၀ ရက်) မှာ တရားဝင် အပြီးသတ်ခဲ့ပြီဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်မှု နှစ်ပတ်လည်နေ့အကြို စက်တင်ဘာ ၃၀ ရက်မှာ အခမ်းအနားဖြင့် ဖွင့်လှစ်သွားရန် အဆင့်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၃၀ကျော်အတွင်း ပထမဆုံးအနေနဲ့ စီးပွားဖြစ် ဝေလငါးဖမ်းဆီးတာကို ဇူလိုင် ၁ရက်နေ့က စပြီး ပြန်ခွင့်ပြုလိုက်ပါတယ်။ အဲဒီလိုခွင့်ပြုလိုက်တာကြောင့် တကမ္ဘာလုံးက ပြစ်တင်ဝေဖန်သံတွေ ထွက်ပေါ်လာပြီး ဝေလငါးတွေရဲ့ ကံကြမ္မာအပေါ် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဂျပန်ငါးလုပ်ငန်းအေဂျင်စီက ချမှတ်တဲ့ ငါးအကောင်ရေ ကန့်သတ်ပမာဏနဲ့အညီ စီးပွားဖြစ် ဝေလငါးဖမ်းတဲ့ လုပ်ငန်းကို အနာဂတ်မှာလည်း ဆက်လုပ်ချင်တယ်လို့ အသေးစား ဝေလငါးဖမ်း လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ယိုရှီဖူမီခါ့အိက ပြောပါတယ်။

ဂျပန်နိုင်ငံ၌ အများပြည်သူသွားလာအသုံးပြုနေသော အဆောက်အဦ အခန်းများအတွင်း ဆေးလိပ် သောက်သုံးခြင်းကို ပိတ်ပင်တားမြစ်သည့် ဥပဒေတစ်ရပ်ကို ယနေ့ ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုသို့ဆေးလိပ်သောက်ခွင့်ပိတ်ပင်လိုက်ခြင်းမှာ ဆေးလိပ် သောက်သုံးသူတစ်ဦးတစ်ယောက်ထံမှ ထွက်ရှိလာသော ဆေးလိပ်မီးခိုးများ အနီးအနားရှိ အခြားသူတစ်ဦးတစ်ယောက်အပေါ် သက်ရောက်ထိခိုက်မှု လျော့ပါးစေရေးအတွက် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဧပြီလ ရွေးကောက်ပွဲရလဒ်အရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဇွန်လ ၂၇ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဧပြီလ ရွေးကောက်ပွဲမှာ သမ္မတ ဝီဒိုဒိုဟာ ထောက်ခံမဲ ၅၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ဝီဒိုဒိုကို စိန်ခေါ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပွာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ချပေးဖို့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

တရုတ်အစိုးရဟာ ဟောင်ကောင်အရေးကို ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံ G-20 မှာ ထည့်သွင်း ဆွေးနွေးခွင့်ပြုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ကျန်းကျွင်းက ဇွန်လ ၂၄ ရက်မှာ ပြောပါတယ်။ တရုတ်မြို့တော် ဘေကျင်းက သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဟောင်ကောင်အရေးဟာ တရုတ်အတွက် ပြည်တွင်းရေးသက်သက်ဖြစ်ပြီး ဘယ် နိုင်ငံခြား တိုင်းပြည်မှာမှ စွက်ဖက်ဖို့ အခွင့်အရေး မရှိဘူးလို့ ကျန်းက ပြောပါတယ်။