
အမေရိကန်သမ္မတ ဂျိူးဘိုင်ဒင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း အိမ်ဖြူတော် တာ၀န်ရှိသူက ယနေ့ ဇူလိုင် ၂၁ ရက်တွင် ပြောကြားသည်။ “ဒီနေ့မနက်ဆေးစစ်ရာမှာ သမ္မတ ဘိုင်ဒင်ဟာ ကိုဗစ် ပေါ့စတစ် ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးဖြစ်တဲ့အပြင် ထပ်လောင်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်ပါတယ်။ ခုအခါမှာတော့ သူဟာ အရမ်ပျော့တဲ့ ရောဂါလက္ခဏာတွေကို ပြသနေပါတယ်”ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးမှူး Karine Jean-Pierre က ပြောသည်။








