မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို နျူကလီးယားဒုံးကျည်နဲ့ တိုက်ခိုက်နိုင်စွမ်းတဲ့ အခြေအနေကို ရောက်ဖို့ လ အတော်ကြာလောက်ပဲ လိုတော့တယ်လို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။


မြောက်ကိုရီးယား စစ်တပ်
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု ပိုကြီးလာတဲ့အပေါ်နဲ့ အရှေ့အာရှဒေသမှာ နျူကလီးယား လက်နက်ပြိုင်ဆိုင်မှု ဖြစ်လာနိုင်ခြေအပေါ် အထူးပဲ စိုးရိမ်မိတဲ့အကြောင်း ၀ါရှင်တန်မြို့တော်မှာ ကြာသပတေး နေ့ကလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်း CIA ညွှန်ကြားရေးမှူး Mike Pompeo ကပြောသွားပါတယ်။









