
အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုအသစ် ထပ်ဖြစ်တယ်လို့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက သြဂုတ် ၁ ရက်နေ့မှာ ကြေညာပါတယ်။
လူ ၃၃ ဦး သေဆုံးခဲ့ရတဲ့ လတ်တလော ကူးစက်မှုတွေ အဆုံးသတ်ပြီလို့ ကြေညာအပြီး ရက်ပိုင်းအတွင်း တကျော့ပြန် ကူးစက်ခဲ့တာပါ။

အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုအသစ် ထပ်ဖြစ်တယ်လို့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက သြဂုတ် ၁ ရက်နေ့မှာ ကြေညာပါတယ်။
လူ ၃၃ ဦး သေဆုံးခဲ့ရတဲ့ လတ်တလော ကူးစက်မှုတွေ အဆုံးသတ်ပြီလို့ ကြေညာအပြီး ရက်ပိုင်းအတွင်း တကျော့ပြန် ကူးစက်ခဲ့တာပါ။

ထောက်လှမ်းရေးဂြိုဟ်တုတွေက ရတဲ့ အချက်အလက် ဓာတ်ပုံတွေအရ ဒုံးခွင်းဒုံးကျည်စမ်းသပ်မှုသစ်တွေ လုပ်နေတဲ့ နေရာကို ခြေရာခံမိထားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေက ဝါရှင်တန်ပို့စ် သတင်းစာကို ပြောပါတယ်။
ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာတော့ စက်ရုံထဲ ယာဉ်တွေဝင်ထွက်နေတာတွေကို တွေ့ရပါတယ်။
မြို့တော်ပြုံယမ်းအနီးက Sanumdong နျူကလီးယားစမ်းသပ်စက်ရုံအနီးမှာ ဒုံးခွင်းဒုံးကျည်စမ်းသပ်ရေး အဆောက်အဦ တခု ဒါမှမဟုတ် ၂ ခု ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောခဲ့တာပါ။

သြဂုတ် ၁
ဂျပန်နိုင်ငံသား ဂျာနယ်လစ်တစ်ဦးနဲ့ အီတလီ အမျိုးသားတစ်ဦးတို့ကို ဆီးရီးယားမှာ ဓားစာခံ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဗီဒီယိုတွေကို ဂျီဟက် ၀ါဒီအဖွဲ့တစ်ခုက ထုတ်ဖော်လိုက်ကြောင်း အမေရိကန် အခြေစိုက် စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။
ယင်းဗီဒီယိုတွေထဲမှာတော့ ဓားစာခံအဖမ်းခံထားရသူနှစ်ဦးဟာ ၎င်းတို့လွတ်မြောက်ဖို့ အကူအညီတောင်းခံ ထားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

တရုတ် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတခုက ထုတ်လုပ်ပြီး နှလုံးရောဂါအတွက် ယေဘုယျသုံးတဲ့ ဆေးတမျိုးကို နိုင်ငံတကာကနေ ပြန်ရုပ်သိမ်းနေပါပြီ။ အဲဒီဆေးထဲမှာ အန္တရာယ်ရှိ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေ ပါနေတာ တွေ့ရတယ်လို့ တရုတ်အစိုးရက ဇူလိုင် ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။

Facebook နယူးယောက်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မှာ မဲပေးကြမယ့် အမေရိကန်ပြည်သူတွေ အပေါ် လွှမ်းမိုးဖို့ စတင်လုပ်ဆောင်နေပုံ တွေ့ရပါတယ်။ ဒါပေမယ့် ဒီ မကြာသေးခင်ကမှ တွေ့ရှိခဲ့တဲ့ ဒီလှုပ်ရှားမှုတွေ နောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်နေတယ်ဆိုတာ အတိအကျပြောဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အစိုးရ အရာရှိတွေက ထုတ်ဖေါ်ပြောဆိုဖို့ တုန့်နှေးနေကြပါတယ်။

အနိုင်ရ (CPP) ပါတီခေါင်းဆောင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen
ကမ္ဘောဒီးယားနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ CPPပါတီက လွှတ်တော်တွင်းက အမတ်နေရာအား လုံးကို သူတို့ပါတီက အနိုင်ရလိုက်တယ်လို့ မနေ့ကကြေညာခဲ့ပါတယ်။ ဒီပါတီကချည်းပဲ အနိုင်ရ နေတာမို့ ကမ္ဘောဒီးယား ဟာ တပါတီစံနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံအဖြစ် ပြောင်းလဲနေတဲ့သဘော ဖြစ်နေပါတယ်။

လွှတ်တော်ထံမှ ခိုင်မာသော ထောက်ခံကူညီမှု မရပါက အစိုးရ ယန္တရားကို ရပ်တန့်ထားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့သည်။
မက္ကဆီကိုနှင့် နယ်နိမိတ်တလျှောက် တံတိုင်းကာမည့် ကိစ္စနှင့် လူဝင်မှု ကြီးကြပ်ရေး မူဝါဒပိုင်း ပြောင်းလဲရန် ကိစ္စများတွင် လွှတ်တော်က အသုံးစရိတ် ခွင့်ပြု ထောက်ခံမှု မရှိပါက လက်ရှိ ဘတ်ဂျတ် ကုန်ဆုံးမည့် စက်တင်ဘာလ၌ အစိုးရ ယန္တရားကို ရပ်တန့်ထားမည့် သဘောမျိုး ထရမ့်က Twitterတွင် ရေးသား ခြိမ်းခြောက်ခဲ့သည်။

ခြွင်းချက် တစုံတရာမထားဘဲ အီရန်ခေါင်းဆောင်တွေနဲ့ အချိန်မရွေးတွေ့ဆုံ ဆွေးနွေးဖို့ သူ့ဖက်က အသင့်ဘဲလို့ အမေရိကန် သမ္မတ ထရမ့်က ကမ်းလှမ်းလိုက်ပါတယ်။

အိန္ဒိယနိုင်ငံဟာ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က လူ လေးသန်းကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းလိုက်နိုင်မယ့် စာရင်းတစ်ရပ်ကို ထုတ်ပြန်ကြေညာပါတယ်။
အမျိုးသားနိုင်ငံသားမှတ်ပုံတင်နိုင်သူ NRC စာရင်းမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးမကြေညာခင် တစ်ရက်အလို ၁၉၇၁ မတ် ၂၄ ၇က် မတိုင်ခင်မှာ နိုင်ငံအတွင်း ရောက်ရှိနေထိုင်ခဲ့တာကို သက်သေပြနိုင် သူတွေကိုပဲ စာရင်းထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်သူတွေကို ခွဲထုတ်နိုင်ဖို့ ဖြစ်တယ်လို့ အိန္ဒိယက ဆိုပါတယ်။

ဖနွမ်းပင်၊ ဇူလိုင် ၃၀
ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင် ၂၉ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရမှာ ဖြစ်တယ်လို့ အာဏာရပါတီက မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဖြစ်သူ ဟွန်ဆန်ကလည်း မဲရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းနဲ့ အပြတ်အသတ်အနိုင်ရတယ်လို့ ကြွေးကြော်ထားပါတယ်။