
ဇန်န၀ါရီ ၁၀ ရက်နေ့တုန်းက ကန်အစိုးရ တစိတ်တပိုင်းပိတ်မှုကို ဆန္ဒပြသူများ
အမေရိကန်အစိုးရ ယန္တရား တစိတ်တပိုင်း ပိတ်ထားချိန်အတွင်း လုပ်ခမရပဲ အလုပ်လုပ်နေရတဲ့ သိန်းနဲ့ချီတဲ့ အရပ်ဖက် အစိုးရဝန်ထမ်းတွေ ဟာ ကြီးမြတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က တနင်္လာနေ့မှာ ပြောကြားလိုက်ပေမယ့် ရက်ပေါင်း ၃၁ ရက်ကြာ စံချိန်သစ်တင်ခဲ့တဲ့ အစိုးရယန္တရား လေးပုံတပုံ ရပ်ဆိုင်းထားရမှု အဆုံးသတ်ဖို့တော့ အဲဒီနေ့မှာ ဘာမှလုပ်ဆောင်တာ မရှိခဲ့ပါဘူး။









