
အမေရိကန်အောက်လွှတ်တော်အမတ် တူဆီဂတ်ဘတ်ဟာ လာမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ် ဂတ်ဘတ်က သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်တာကို သူတာဝန်ထမ်းတဲ့ ဟာဝိုင်အီ ပြည်နယ်မှာ တရားဝင်ကြေညာလိုက်တာပါ။
အမေရိကန်ကပြား ဂတ်ဘတ်ဟာ အမေရိကန်ကွန်ဂရက်မှာ ပထမဆုံး ရွေးကောက်ခံရတဲ့ ဟိန္ဒူဘာသာဝင် ဖြစ်ပါတယ်။









