
အိန္ဒိယ ဝန်ကြီးချုပ် Narenda Modi နရင်ဒရာ မိုဒီ ရဲ့ BJP ပါတီက ကြာသပတေးနေ့ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူတို့ပါတီ ထပ်မံအနိုင်ရရင် ပြည်သူတွေ အလုပ်အကိုင် ပိုမိုရရှိအောင် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၁၄ဝဝ ကျော် ($1.4 trillion) သုံးစွဲမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒါ့အပြင် BJP ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တောင်သူလယ်သမားတွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ဘီလီယံ ၃ဝဝ သုံးစွဲဖို့လည်း ကတိပြုထားပါတယ်။ အိန္ဒိယနိုင်ငံတဝန်း လာမယ့် မေလ ၁၉ ရက်နေ့အထိ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရွေးကောက်ပွဲဖြစ်ပါတယ်။









