
ဂျာမနီအခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် SAP သည် ပြည်တွင်းရှိ အဖွဲ့အစည်းလေးခုကို နည်းပညာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ Charity Oriented Myanmar (ဒါနရှေ့ဆောင်မြန်မာ) ၊ အာရုဏ်ဦး လူမှုတိုးတက်ရေး အဖွဲ့အစည်း၊ ကျေးလက်ဖွံ့ဖြိုးရေး Community Agency နှင့် KT Care စသည့် အဖွဲ့ အစည်း လေးခုအတွက် စီမံခန့်ခွဲမှုဆိုင်ရာတွင် နည်းပညာပိုင်းဆိုင်ရာများကို SAP က အကူအညီ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။






