
ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ် ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ယမန်နေ့က သတင်းထုတ်ပြန်သည်။ နေ့အပူချိန် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေထု မငြိမ်သက်မှု နှင့်အရှေ့ဘက်မှ အနောက် ဘက်သို့ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် မိုးထစ်ချုန်း ရွာသွန်းခြင်း နှင့် အတူ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း များကို ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အတွင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထူးခြားမိုးလေ၀သ အခြေအနေဟု သတိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။





