
ဇာတ်ညွှန်းရေးနည်းသင်တန်းကို PEN Myanmar နှင့် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်တို့က ပူးတွဲဖွင့်လှစ် ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်း ကာလ ၃လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်း တက်ရောက်သူသင်တန်းသား၊ သင်တန်းသူများထံမှ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင် နိုင်မည့် ဇာတ်ညွှန်းကောင်းအနည်းဆုံး ၃ခု ရရှိနိုင်ရန်နှင့် ၂၀၂၀ခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်၌ မြန်မာနိုင်ငံမှ ရေးသားသည့် ဇာတ်ညွှန်းကို နိုင်ငံတကာနှင့် ပူးပေါင်းရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကားကို တင်ဆက်ပြသသည့်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ပြောသည်။








