FMI ရှယ်ယာ တစ်လအတွင်း အနိမ့်ဆုံးသို့ ပြန်လည်လျော့ကျ
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဖုန်းအော်ပရေတာသစ် မေလကုန်တွင် လုပ်ငန်းစတင်လည်ပတ်မည်
မိုးတိမ်တောင်အန္တရာယ်လတ်တလောလျော့ကျ
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစု ကိုယ်စား ကြံခင်းပြည်ခိုင်ဖြိုးပါတီ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ချမ်းသာကြီးစေတီတော် မြောက်ဘက် လိုဏ်မုခ်အတွင်း သီတင်းသုံး ကိန်းဝပ်လျက်ရှိသော ဆင်းတုတော်မြတ်အား ရောင်တော်ဖွင့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းရန်အတွက် အလှူငွေကျပ် နှစ်သိန်း ရှစ်သောင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်း မိသားစုတို့က လှူဒါန်းခဲ့ကြသည်။
မန္တလေးမြို့တွင် အလုပ်အကိုင်ပြပွဲ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည်
တာချီလိတ် မီးဘေးသင့်ပြည်သူများ အတွက် အလှူငွေများ လှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် ဧပြီလ (၉) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် လူနေအိမ်(၂၉)လုံး မီးလောင် ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု (၁၆၉)စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့်အတွက် မဟာမြတ်မုနိဘုန်းကြီးကျောင်းတွင် ယာယီ ကယ်ဆယ် ရေးစခန်း ဖွင့်လှစ်ပြီး မြို့နယ်အစီအစဉ်ဖြင့် စားသောက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျှက် ရှိသည်။
ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလိုင်စင် ပဏာမစာရင်းဝင် ပြည်ပမိတ်ဖက်ကုမ္ပဏီ Viettel က မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုဆို
ပြည်တွင်း၌ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလိုင်စင်အတွက် ပဏာမ ရွေးချယ်စာရင်းတွင် ပါဝင်သော ပြည်ပမိတ်ဖက် ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသည့် ဗီယက်နမ် ဆက်သွယ်ရေး Viettel ကုမ္ပဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်သည့် www. capacitymedia. com တွင် ဧပြီ ၁၉ ရက်ဖော်ပြချက်အရ သိရသည်။
ကျောင်းကြီးအိုးတန်းရပ်တွင် မီးမတော်တဆမှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် ကုန်သည်လမ်းရှိ ဦးခင်မောင်ဝင်း၏နေအိမ် ပေ ၄ဝx၁၅ပေ သွပ်မိုး၊ ထရံကာမြေစိုက်နေအိမ်တွင် ယမန်နေ့ နံနက် ၃ နာရီ ၃၅မိနစ်ခန့်တွင် လျှပ်စစ်ဝိုင်ယာကြိုးများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ သန္ဓေနှင့်အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ သန္ဓေ ၂ဝ ဦး၊ အရန် ၄၅ ဦးတို့သွားရောက်ငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၄၂ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဝါးထရံတစ်ချပ် မီးလောင်ကျွမ်း ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ဝဝဝခန့်ရှိကြောင်း ပြည်ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။
ပါတီရှင်သန်ခိုင်မာရန် “ကိုယ်တိုင်ယုံကြည်မှု၊ ယုံကြည်သည့်အတိုင်း လက်တွေ့ လုပ်ဆောင်သည့် ခံယူမှုနှင့် မိမိတို့ယုံသလို ခံယူသလို ပြည်သူများ လိုက်ပါဆောင်ရွက်ရန် လုပ်ဆောင်သည့် စည်းရုံးရေး” တို့သည် အဓိကကျ
“မိမိတို့ ပါတီဝင်များသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအနိုင်ရရှိရေး အတွက် အင်တိုက်အားတိုက် ကြိုးစား ခဲ့ကြကြောင်း၊ မိမိတို့တတ်စွမ်းသရွေ့ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ဝိုင်းဝန်း ဆောင်ရွက်ခဲ့ ကြ သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုယ်စား အသိအမှတ်ပြုပါကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ မိမိတို့၏ အားနည်းချက်များကို လေ့လာသုံး သပ်ပြီး ပြုပြင်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ကိုယ်တိုင် ယုံကြည်မှု၊ ခံယူမှုများဖြင့် ပါတီဝင်အဖြစ် ခံယူထားကြသူများ ဖြစ်ကြောင်း၊