ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနှစ်ဦးအတွက် မေလ (၂၃) ရက်တွင် အယူခံ ဝင်သွားမည် ဖြစ်ကြောင်း အဆိုပါအမှုတွင် လိုက်ပါကူညီဆောင်ရွက်နေသူ ဦးစိန်ဌေးက ပြောကြားသည်။
စာမျက်နှာပေါင်း နှစ်ရာကျော်ရှိသည့် အဆိုပါ အယူခံလွှာကို ယင်းအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ထိုင်းရှေ့နေ များအဖွဲ့က မေ ၂၃ ရက် နံနက် ၉ နာရီတွင် ကော့မမွေ အယူခံတရားရုံးသို့ တင်သွင်းကြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MWRN) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။