မကြာမီကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကိုထည့်သွင်းရန် နိုင်ငံရေးပါတီ ၁၃ ပါတီ ပါဝင်သော ရှမ်းပြည်နိုင်ငံရေးပါတီများ အဖွဲ့ချုပ် (SSEPPL) က အလေးအနက်ထား တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်သည်။
မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်သော ရှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအပြီး ကြေညာချက် ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။