ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရပ်၏ အရေးပါပုံနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို သိရှိစေရန် ရည်ရွယ်၍ MIND Investment Institute မှ ကြီးမှူး၍ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ UMFCCI ရှိ Mingalar Hall ၌ ဟောပြောပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နယ်သာလန် လေကြောင်းလိုင်း မြန်မာနိုင်ငံသို့ စတင်ပျံသန်းဖွယ်ရှိ
နယ်သာလန်နှင့် မြန်မာနိုင်ငံအကြား လေကြောင်းခရီးစဉ် ပျံသန်းမှုများ အပြန်အလှန်ပြုလုပ်နိုင်ရန် နှစ်နိုင်ငံအစိုးရကြား သဘောတူညီမှုစာချုပ်ကို ဇွန်လ ၂၇ ရက်က တရားဝင်ချုပ်ဆိုခဲ့သဖြင့် နယ်သာလန်အခြေစိုက် Royal Dutch KLM လေကြောင်းလိုင်းသည် မြန်မာနိုင်ငံသို့ ခရီးစဉ်အချို့စတင် ပျံသန်းဖွယ်ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိသည်။
လျှပ်စစ်ရထားပြေးဆွဲမှု ရပ်ဆိုင်းမည်
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ငါးလကျော်ပြေးဆွဲနေသော လျှပ်စစ်ရထားသည် ခရီးသွားပြည်သူများအတွက် ထိရောက်သည့် သယ်ယူပို့ဆောင်မှု မလုပ်ဆောင် နိုင်ခြင်းကြောင့် ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲမှုရပ်ဆိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကမ်းနားလမ်းမှာက အခက်အခဲတွေ အများကြီးကျော်လွှားရတယ်။ ကွန်တိန်နာကားတွေရပ် ထားရတာမျိုးနဲ့ ယာဉ်ကြောပိတ်ဆို့သွားတာ တွေရှိတယ်။ လျှပ်စစ်ရထား ကို ရပ်လိုက်ခြင်းကတော့ ထိရောက်တဲ့သယ်ယူပို့ဆောင်မှု ကိုလည်း မလုပ်နိုင်တာကြောင့်ပါ။ ဒီထက်ကောင်းတဲ့ လမ်းကြောင်းကိုရှာဖွေမယ်၊ နည်းလမ်းကောင်းတွေ ယူမယ်’’ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာဦးထွန်းအောင်သင်းက ပြောသည်။
ဆန္ဒဖော်ထုတ်ခြင်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းနှင့် ရပ်ကျေးဥပဒေ ပြင်ဆင်သော ဥပဒေကြမ်းတို့ကို လာမည့်လွှတ်တော်တွင် ဆွေးနွေးမည်
လာမည့်လွှတ်တော်တွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ အား တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အတည်ပြု ဆွေးနွေး ရန်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံမှ သတင်းရရှိသည်။
အာဇာနည်ဗိမာန်ကို မူလဒီဇိုင်းအတိုင်း ပြန်လည်ပြင်ဆင်
ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအ တွက် အာဇာနည်ဗိမာန်ကို မူလ ဒီဇိုင်းအတိုင်း ပြင်ဆင်မှုများပြု လုပ်လျက် ရှိကြောင်း အာဇာနည် ဗိမာန်ဒီဇိုင်း ရေးဆွဲပေးခဲ့သော ဗိသုကာ ပညာရှင်များ ထံမှသတင်းရရှိသည်။ ၁၉၈၃တွင် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဇာနည်ဗိမာန် တည်ဆောက်ရန် ရေးဆွဲပေးခဲ့သော ဒီဇိုင်းကို ထိုစဉ်က တာဝန်ရှိသူများက အပြည့်အ၀ မတည်ဆောက်ပေးခဲ့ကြောင်း ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာအဖွဲ့ထံမှသိရသည်။ မူလဒီဇိုင်းတွင် အာဇာနည် ဗိမာန်နောက်ခံနံရံချပ်ကို ကြယ်ပွင့်သဏ္ဌာန် အပေါက် ဖောက်ပြီး မြက်ခင်းပေါ် ကြယ်ကြွေနေသည့် ဒီဇိုင်းကိုရေးဆွဲပေးခဲ့သော်လည်း ထိုစဉ်ကဆောက်လုပ်ခဲ့သူများက အပေါက် မဖောက်ဘဲ ကြယ်ပုံသဏ္ဌာန်အချိုင့်သာလုပ်ခဲ့ကြသည်။
ဗန်ကောက်(ဒွန်မောင်း) – ရန်ကုန် ခရီးစဉ်သစ် ဇူလိုင်လတွင် စတင်ပျံသန်းမည်
မြန်မာ-ထိုင်း နှစ်နိုင်ငံတို့မှ နေ့စဉ်နှင့်အမျှ ခရီးသွားများပြားလာမှုအပေါ် အခြေခံကာ ထိုင်းနိုင်ငံ ဗန်ကောက် မြို့အခြေစိုက် Thai Lion Air လေကြောင်း လိုင်းမှ ဗန်ကောက် (ဒွန်မောင်း)- ရန်ကုန်ခရီးစဉ်သစ် ကို နေ့စဉ် တစ်ရက်နှစ်ကြိမ်နှုန်းဖြင့် ဇူလိုင်လတွင် စတင်ပျံသန်းတော့မည်ဖြစ်သည်။ (more…)
ထိုင်းကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝတ်ဝေါင်ဆုဝန် (Gen Prawit Wongsuwan) သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက် မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းဌာနတွင် ဖော်ပြထားသည်။
ပါတီကိစ္စများ လျင်မြန်စွာ ဆုံးဖြတ်နိုင်ရန် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင် ဦးရေ လျှော့ချမည်
ရခိုင်အမျိုးသားပါတီသည် ပါတီရေးရာကိစ္စရပ်များ ဆုံးဖြတ်ရာတွင် လျင်မြန်သွက်လက်စေရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီအဖွဲ့ဝင် အရေ အတွက် လျှော့ချဖွဲ့စည်းရေး စီစဉ်နေကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ထံမှ သိရသည်။
ဗြိတိန်ဂယက်ကြောင့် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဈေးပါ ကျဆင်း
ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှုကြောင့် နိုင်ငံတကာ စ တော့ဈေးကွက်များတွင် ရှယ်ယာ တန်ဖိုးများကျဆင်းသကဲ့သို့ ရန် ကုန်စတော့အိတ်ချိန်းရှိ ကုမ္ပဏီ နှစ်ခု၏ ရှယ်ယာ ဈေးနှုန်းများလည်း စတင်ကျဆင်းလာကြောင်း သတင်းရရှိသည်။
၂၁ ရာစု ပင်လုံညီလာခံ သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျဘဲ ကျင်းပရန် ဆုံးဖြတ်
၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်ထက်နောက်မကျဘဲ ကျင်းပရန် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း တက်ရောက်သူများက ပြောသည်။ (more…)