ချမ်းမြသာစည်မြို့နယ် ပါတီမျက်နှာစုံညီစည်းဝေး

ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမျက်နှာစုံညီ အစည်းအဝေးကို တိုင်းဒေသကြီး ပါတီရုံးအစည်း အဝေးခန်းမတွင် ယခုလ ၂၄ ရက် မွန်းလွဲ ၁ နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးရဲမြင့်တက်ရောက်ခဲ့သည်။

ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ကန့်ဘလူမြို့နယ်ပါတီ မျက်နှာစုံညီ အကြိုညှိနှိုင်း စည်းဝေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီအကြိုညှိနှိုင်းအစည်းအဝေးကို ယခုလ ၂၄ ရက်နံနက် ၉ နာရီက မြို့နယ်ပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပါတီဌာနချုပ် ဗဟိုဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့် နှင့်တိုင်းဒေသကြီးပါတီ တွဲဖက် အတွင်းရေးမှူးဦးအောင်ကျော်ဦး နှင့် ကော်မတီဝင်များ၊ ရွှေဘိုခရိုင် ပါတီဥက္ကဋ္ဌ ဦးမြမျိုးညွန့်နှင့် ကော် မတီဝင်များ၊ ကန့်ဘလူမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းစိန် နှင့်ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာပါတီစည်းရုံးရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ စုစုပေါင်း ၁၄ဝ ကျော် တက်ရောက်ကြသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းပွဲ ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမျက်နှာ စုံညီအစည်းအဝေးနှင့်ပါတီပြန်လည် ပြင်ဆင် ရွေးချယ်ဖွဲ့စည်းခြင်းအခမ်း အနားကို ဇွန်လ (၂၇) ရက် မြန်အောင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပကြောင်း သိရသည်။

၂၁ ရာစုပင်လုံသို့ ရခိုင် အမျိုးသား ပါတီ တက်၊ မတက် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသို့ ရခိုင်အမျိုးသားပါတီ တက်ရောက် ခြင်းပြု၊ မပြု လာမည့် ဇူလိုင်လဆန်းတွင် ကျင်းပမည့် ရခိုင်အမျိုးသားပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေး၌ ဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။ (more…)


ရခိုင်ပြည်နယ်မှအစ္စလာမ်ဘာသာကိုးကွယ်သူများနှင့် ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာကိုးကွယ်သူများ ဟူသည့် အသုံးအနှုန်းများကို စစ်တွေမြို့ လူထုအစည်းအဝေး၌ ကန့်ကွက်

“ရခိုင်ပြည်နယ်မှအစ္စလာမ်ဘာသာကိုးကွယ်သူများ” နှင့် “ရခိုင်ပြည်နယ်မှဗုဒ္ဓဘာသာကိုးကွယ်သူများ” ဆိုသည့် အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဇွန်လ (၂၆) ရက်က စစ်တွေမြို့၌ ပြုလုပ်ခဲ့သည့် လူထု အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို မကြာမီပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အစိုးရသစ်က ဆက်သွယ်ညှိနှိုင်းမှု မရှိသေးကြောင်း NSCN-K ပြော

အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆက်သွယ်ညှိနှိုင်းမှု တစ်စုံ တစ်ရာမရှိသေးကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌက ပြောသည်။ (more…)


ဝင်ငွေခွန် ဥပဒေသစ် ပြန်လည်ရေးဆွဲမည်

လက်ရှိ ရေးဆွဲထားသော ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များအစား နိုင်ငံတကာတွင် ကောက်ခံလျက် ရှိသော နှုန်းထားနှင့် သတ်မှတ်ချက်များကဲ့သို့ စံချိန်မီသည့် ဝင်ငွေခွန် ဥပဒေသစ်တစ်ရပ်ကို ပြန်လည် ရေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

(more…)


ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ခြောက်ခုကို လိုင်စင် ပိတ်သိမ်းဟုဆို

ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီခြောက်ခုကို အလုပ်သမားပြဿနာကိစ္စများနှင့်ပတ်သက်၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနက ယခုနှစ်အတွင်းပိတ်သိမ်းထားကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ (MOEAF) ထံမှ သိရသည်။ (more…)


၂၀၁၇ ခုနှစ်အတွင်း မြို့ကြီးများ၌ ဆေးလိပ်ကင်းမဲ့ဇုန် အများအပြား ဖြစ်ပေါ်လာစေရန် လုပ်ဆောင်မည်

ပြည်သူများ ဆေးလိပ် သောက်သုံးမှု လျှော့ချနိုင်ရန် ရည်ရွယ်၍ လာမည့်နှစ်တွင် မြို့ကြီးများ၌ ဆေးလိပ် ကင်းမဲ့ဇုန် အများအပြား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၅) ရက် နေ့လည် (၁၂) နာရီ (၃၀) မိနစ်အချိန်တွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ အဖွင့် အမှာစကားပြောကြားခဲ့သည်။

13529059_399492436892556_2634280545758112294_n

(more…)