အခြေခံပညာကျောင်း များ၌ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမတန်း (Grade-1)သင်ရိုးညွှန်းတမ်းအသစ် စတင်ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘ပထမတန်း (Grade-1) သင်ရိုးက ရေးဆွဲပြီးပြီ။ အခုနောက်ဆုံးအချောသပ် လုပ်နေတယ်’’ဟု ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ စိုးဝင်းက ပြောသည်။
နိုင်ငံခြားသားကုန်သည်များ မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအ၀ယ်မပြုရန် ကန့်သတ်
မန္တလေးကုန်စည်ဒိုင် တွင် ဧည့်သည်တော်ကတ်ကိုင် ဆောင်ထားသည့် နိုင်ငံခြားသား ကုန်သည်များ အရောင်းအ၀ယ် မပြုလုပ်ရန် သတိပေးချက်ထုတ် ပြန်ခဲ့ကြောင်း ကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးညွန့်ဝေကပြောသည်။ အထက်မြန်မာပြည်နှင့် တရုတ်နိုင်ငံသို့ ပဲ၊ နှမ်းများ အဓိက တင်ပို့ရောင်းချနေသည့် မန္တလေး ကုန်စည်ဒိုင်သည် ဧည့်သည်တော် ကတ်များကို အသင်းဝင်မဟုတ်သည့် ပြည်တွင်း၊ ပြည်ပကုန်သည်များအား လာရောက် လေ့လာနိုင်စေရန် ပြုလုပ်ပေးထား ခြင်းဖြစ်ပြီး တိုက်ရိုက် အရောင်းအ၀ယ်ပြု လုပ်ခြင်းကိုမူ ခွင့်ပြုမထားကြောင်း သိရသည်။
အထပ်မြင့် တည်ဆောက်မှုရပ်ဆိုင်းခြင်းသည် ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးမှုကို တားဆီးခြင်းမဟုတ်ဟု ၀န်ကြီးဆို
အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မှု ရပ်ဆိုင်းထားခြင်းသည် စည်းမျဉ်းစည်းကမ်း မကိုက်ညီခြင်း ကြောင့်ဖြစ်ပြီး ဆောက်လုပ်ရေးလောကဖွံ့ဖြိုးမှုကို တားဆီးခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဦးမြင့်သောင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်း၌ တည်ဆောက်နေသော ၁၃ ထပ်နှင့်အထက် အထပ်မြင့်အ ဆောက်အအုံများမှာ ခွင့်ပြုချက် နှင့်မညီခြင်း၊ ခွင့်ပြုချက်မရသေး မီ တည်ဆောက်မှုများပြုလုပ်နေ ခြင်းကြောင့် ပြန်လည်စိစစ်ရန် မေလ ၂၀ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ပြီး ရပ်ဆိုင်းခဲ့သည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်အတွက် ပထမနှစ် ဝင်ခွင့်လျှောက်လွှာ များ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အမျိုးသားဦးရေ ၂၀၀ နှင့် အမျိုးသမီးဦးရေ ၂၀၀၊ စုစုပေါင်း ၄၀၀ ဦး လက်ခံမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဘာသာတွဲဖြင့် အောင်မြင်ပြီး ရမှတ်စုစုပေါင်း ၃၆၀ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေးညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
ဆွစ်ဇာလန်နိုင်ငံ Winterthur မြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေး ညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်ခဲ့ကြောင်း Educational Information Department မှ သိရသည်။
ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ညီလာခံ၌ အစိုးရနှင့်စင်ပြိုင် စီဒေါအစီရင်ခံစာ တင်သွင်းမည့် အမျိုးသမီးအဖွဲ့ငါးဖွဲ့အမည်စာရင်း ထုတ်ပြန်
ဆွစ်ဇာလန်နိုင်ငံတွင် ဇူလိုင်အတွင်းပြုလုပ်မည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက် (CEDAW-စီဒေါ) ဆိုင်ရာညီလာခံ၌ မြန်မာနိုင်ငံမှ အမျိုးသမီးအရေးဆိုင်ရာ အဖွဲ့ ငါးဖွဲ့က မြန်မာအမျိုးသမီး အခွင့်အရေးဆိုင်ရာ အစီရင်ခံစာများကို အစိုးရနှင့် စင်ပြိုင်တင်သွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်နှင့် ပစ္စည်းများတွေ့ရှိပါက ၂၄ နာရီ သတင်းပို့နိုင်ရန် ရန်ကုန်ရဲစခန်းဖုန်း နံပါတ်များ လူမှုကွန်ရက်ပေါ် ထုတ်ပြန်
မှုခင်းကျဆင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ဖုန်းနံပါတ်များကို ပြည်သူ သိရှိစေရန် လူမှုကွန်ရက်တွင် ဖော်ပြပေးထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်ရှိ မြို့နယ်ရဲစခန်းများ၏ဖုန်းနံပါတ်များကို ဖော်ပြပေးထား ပြီး ပြည်သူများအနေဖြင့် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး သတင်းပေးရန်နှင့် မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်၊ သက်မဲ့ပစ္စည်းများကို တွေ့ရှိပါကလည်း နီးစပ်ရာရဲစခန်းသို့ ၂၄ နာရီ အချိန်မီ ဆက်သွယ် နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့လူမှုကွန်ရက် စာမျက်နှာတွင် ဇွန် (၂၇) ရက်က ဖော်ပြခဲ့ ကြောင်း သိရသည်။ (more…)
နှစ်နိုင်ငံအကြား နယ်နိမိတ်ပြန်လည် တိုင်းတာရန် မြန်မာ-ထိုင်း သဘောတူ
နှစ်နိုင်ငံအကြား နယ်နိမိတ် ပြန်လည်တိုင်းတာရန် မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇွန် (၂၉) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်း အဝေးကို ယနေ့ (ဇွန်လ ၃၀ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။
မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နံနက် (၉) နာရီအချိန်က မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပပြုလုပ် ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီ ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက် အားပေး
ခဲ့ကြသည်။