ရန်ကုန်နှင့် မန္တလေး နည်း ပညာတက္ကသိုလ် ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အနည်း ဆုံးရမှတ် ၄၈၀ နှင့် အခြားနည်း ပညာတက္ကသိုလ်များအတွက် ရ မှတ် ၃၈၀ သတ်မှတ်၍ ခေါ်ယူ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
အွန်လိုင်းစနစ်ဖြင့် ဒေါ်လာလေလံရောင်းဝယ်မှု စက်တင်ဘာလတွင် စမည်
အမေရိကန်ဒေါ်လာဈေးသတ်မှတ်နိုင်ရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နေ့စဉ်ခေါ်ယူ၍ ဒေါ်လာလေလံပွဲလုပ်ခြင်းမှာ အချိန်ကုန်သဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။
အလုပ်သမား အခွင့်အရေး အပြည့်အဝပေးရန် တောင်းဆိုသည့် မြန်မာလုပ်သား ၄၀၀ ခန့်ကို ထိုင်းစက်ရုံ ပိုင်ရှင်က အလုပ်ထုတ်
အလုပ်သမားအခွင့်အရေး အပြည့်အဝပေးရန် တောင်းဆိုသော မြန်မာလုပ်သား ၄၀၀ ခန့်ကို ထိုင်းစက်ရုံပိုင်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ လှပူရီမြို့နယ်ရှိ SIAMRACHABURI ဂျယ်လီစက်ရုံတွင် မြန်မာလုပ်သား ၅၀၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိရာ ညဆိုင်း လုပ်ကိုင်သော မြန်မာလုပ်သား ၂၀၀ ခန့်သည် ဇူလိုင် ၆ ရက်က အလုပ်သမား အခွင့်အရေး များအပြည့်အဝပေးရန် တောင်းဆိုရာ စက်ရုံပိုင်ရှင်က ယင်းညတွင်းချင်း အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားချက် အစိုးရက တစ်ပတ်အတွင်း ဖြေရှင်းပေးရန် မဘသတောင်းဆို
မဘသအဖွဲ့မလိုအပ်ကြောင်း ပြောကြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများက တစ်ပတ်အတွင်း (ဇူလိုင် ၁၄ ရက် နောက်ဆုံးထား၍) ဖြေရှင်းပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က လေးနက်စွာ တောင်းဆို ကြောင်း သဘောထားထုတ်ပြန်သည်။
သံတွဲတွင် ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ
သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမျက်နှာ စုံညီအစည်းဝေးကို ဇွန် ၃ဝ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှ ညနေ ၅ နာရီအထိ သံတွဲခရိုင် ပါတီရုံး ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ် တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ က ဆောင်ရွက်ပြီး အဖွင့်အမှာ စကားပြောကြားသည်။

တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၇) ရက် နံနက်ပိုင်း က မကာဟိုခမ်းရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပပြီးနောက် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် မျက်နှာစုံညီအစည်းအဝေးကျင်းပပြုလုပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၇) ရက်ရက်နေ့ နံနက် (၈)နာရီတွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ပါတီကော်မတီဝင် ဦးချစ်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

မိုင်းတုံပြည်ခိုင်ဖြိုးကော်မတီဝင်များ မီးဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးစောမူးလာ၊ မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦစိုင်းအောင်ကြည်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ဇူလိုင်လ (၇) ရက် နံနက် (၈) နာရီအချိန်က မိုင်းကိုင်မီးဘေးသင့် ပြည်သူများအတွက် အလှူငွေများ၊ ဆန်၊ ဆီ၊ ဆား၊ စာအုပ်၊ အဝတ်အထည် များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်နှင့်ကျေးရွာ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၇) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပါတီအရန်ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်က ပြန်လည် ရွေးခြယ်ပွဲ၌ ရွေးချယ်ခံပါဝင်လာသည့် မြို့နယ် ပါတီ ကော်မတီဝင်များ၏ အမည်စာရင်းများကို မိတ်ဆက်ဖတ်ကြားပေးခဲ့ကာ ပါတီရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အလင်းရောင်ဖောင်ဒေးရှင်းနှင့် ကိုရီးယားသမ္မတ နိုင်ငံမှ ဆရာဝန်ကြီးများ ပူးပေါင်း၍ ဆေးကုသမှုများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် (အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့အကျိုးပြု ဆောင်ရွက်ချက်များအား အစဉ်တစိုက်ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင်ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စီစဉ်မှုဖြင့် အလင်းရောင်ဖောင်ဒေးရှင်းနှင့် ကိုရီးယားသမ္မတ နိုင်ငံမှ အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးများ ပူးပေါင်းညှိနှိုင်းမှုဖြင့် ကိုရီးယားသမ္မတနိုင်ငံ Kosin University Gosp Hospital ဆရာဝန်ကြီး Lee Tae Hwa (Specialist of Obstetrics and Gynecology) ဦးဆောင်သော ဆရာဝန်အဖွဲ့သည် ယခုလ ၅ ရက် နံနက် (၉) နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအတွက် ကျန်းမာရေးပြုစုစောင့် ရှောက်မှုလုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။



