အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါကော်မတီ အသစ်များရွေးချယ်ပွဲကို အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ဇူလိုင်လ (၃) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ နာယက(ဗဟိုကော်မတီဝင်) ဦးခင်မောင်စိုး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဗိုလ်တထောင်တွင် ပါတီမျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ရေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကို ဇူလိုင်လ (၃) ရက် မွန်းလွဲ (၂) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများလစာတိုးမည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ်နေသော် လည်း လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးဟုဆို

ယခုလပိုင်းအတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ (more…)


မင်းပြားမြို့နယ်တောင်ပိုင်း ကျေးရွာအချို့ရေလျှံသဖြင့် စာသင်ကျောင်းအချို့ ဇူလိုင် (၄) ရက်က ယာယီပိတ်ထား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုများပြီး ကျေးရွာတချို့၌ ရေလျှံမှုနှင့် ရင်ဆိုင်နေရသဖြင့် စာသင်ကျောင်းတချို့အား ဇူလိုင် (၄) ရက်က ယာယီပိတ် ထားကြောင်း သိရသည်။

13533351_1222101974475980_411530641039496088_n

(more…)


ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည့်ရက် မသတ်မှတ်နိုင်သေး

13606850_996213890499296_5945818905573724614_n

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ တွေ့ဆုံရန် နေ့ရက်ကို အတိအကျ မသတ်မှတ် နိုင်သေးကြောင်း သတင်းရရှိသည်။

ဇူလိုင် ၄  ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးဆပ် ကော်မတီ အစည်းအဝေး အပြီးတွင်‘‘ကျွန်တော်တို့ ဒီနေ့အထိတော့ ချိတ်ဆက်ပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖွဲ့နဲ့ UNFC ခေါင်းဆောင်ပိုင်းတွေနဲ့က ခန့်မှန်းခြေအားဖြင့်တော့ ဒီလ ၁၈ ရက် လောက်မှာ တွေ့ဆုံဖြစ်မယ်ဆိုတဲ့ အနေအထားရှိပါတယ်။ တွေ့ဖို့ကတော့ ရန်ကုန်မှာပဲ ဖြစ်ဖို့များပါတယ်’’ဟု ကော်မတီဝင် ဦးခက်ထိန်နန်က ပြောသည်။

သတ်မှတ်ရက်အတွင်းမပြီးသည့် ဆင်ဆာမီးပွိုင့်များတပ်နေသောကုမ္ပဏီကို တစ်ရက်လျှင် တစ်သိန်း ဒဏ်ရိုက်မည်

ရန်ကုန်မြို့တွင်း ဆင်ဆာစနစ်သုံး မီးပွိုင့်များတပ်ဆင်ရန် သတ်မှတ်ထားသည့် ဩဂုတ်လ (၁) ရက်တွင် မပြီးပါက လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည့် ကုမ္ပဏီကို နေ့စဉ် တစ်ရက်လျှင် ကျပ် တစ်သိန်း ဒဏ်ရိုက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(more…)


ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာ ထွန်းလွင် သတိပေး

တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်းနိုင်သည့်အလားအလာများ မြင့်မားနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။ (more…)


နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် တာချီလိတ်ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေ တာဝန်ခံ ဦးစိုးနိုင်သည် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးရှာမွေလရှဲန် တို့နှင့်အတူ ဇူလိုင်လ (၇) ရက် ညနေ (၄) နာရီအချိန်က တာချီလိတ်မြို့၊ မကာ ဟိုခမ်းရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိပြီး ခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ၊ (အရံ) ကော်မတီ ၀င်များ အင်အား အင်အား(၄၀)ဦးနှင့် တွေ့ဆုံခဲ့သည်။

ကျောက်မဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ ( ဇူလိုင် ၄ ရက် ) နံနက် (၉) နာရီအချိန် ခရိုင်ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် ပြည်နယ်ပါတီ ကော်မတီဝင်များ တက်ရောက်သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ အခမဲ့ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစီအစဉ်ဖြင့် ကိုရီးယားနိုင်ငံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ဇူလိုင်လ (၆) ၇က်နေ့ နံနက် (၉) နာရီ အချိန်မှ ညနေ (၄) နာရီအထိ အမှတ် (၅၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ “ပြည်တော်အေးဓမ္မာရုံ”တွင် သားဖွားနှင့် မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါများ ကို အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးမည်ပြီး မည်သူမဆို လာရောက်ပြသ ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။