တအာင်း၊ AA၊ ကိုးကန့်အဖွဲ့များနှင့်ပတ်သက်သည့် မူဝါဒကို အစိုးရကိုယ်စား လှယ်အဖွဲ့ ‘၀’ ခေါင်းဆောင်များနှင့် မကြာမီသွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဟု သတင်းရရှိသည်။ (more…)
လီဆူ အမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင် ပေးရန် တိုက်တွန်း
လီဆူအမျိုးသားညီလာခံက ၂၁ ရာစု ပင်လုံညီလာခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင် ပေးရန်တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်ခုကို လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကချင်တစ်ပါတီတည်းဖြစ်ရေး ၂၀၁၇ ခုနှစ်တွင် ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီ တစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း KDP ပါတီဥက္ကဋ္ဌ ပြောကြား
ကချင်နိုင်ငံရေးပါတီ တစ်ပါတီတည်းဖြစ်ရေး ၂၀၁၇ ခုနှစ်တွင်ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီတစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဇူလိုင် (၁) ရက်တွင် ပြောကြားသည်။
ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာ ထွန်းလွင် သတိပေး
တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်းနိုင်သည့်အလားအလာများ မြင့်မားနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။ (more…)
ပခုက္ကူခရိုင်ပါတီ မျက်နှာစုံညီ အကြိုတွေ့ဆုံပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီအကြိုတွေ့ဆုံပွဲကို ယနေ့ (ဇူလိုင်လ ၅ ရက်) နံနက် (၁၀) နာရီအချိန်က ပခုက္ကူခရိုင်ပါတီရုံးခန်းမ၌ ကျင်းပရာ ခရိုင်ပါတီနာယက ဦးသိန်းထွန်းမှ ပါတီမျက်နှာစုံညီကျင်းပမည့်ပွဲအတွက် လုပ်ငန်းစဉ်များ ခြပြပြီး တက်ရောက်လာကြသည့် မြို့နယ်(၅)မြို့နယ်မှ ခရိုင်ပါတီ ကော်မတီဝင်များနင့် မြို့နယ်ပါတီ အတွင်းရေးမှူးများမှ မိမိမြို့နယ်အလိုက် ပါတီဆောင်ရွက်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကာ ခရိုင်မျက်နှာစုံညီ အကြိုအခမ်းအနားကို နံနက် (၁၁) နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ဖွဲ့ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဇူလိုင်လ (၄) ရက်က နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်းထွန်းနှင့် ကော်မတီဝင်များသည် ဇူလိုင်လ (၄) ရက် နေ့လည် (၁) နာရီအချိန်က ရွေးချယ်ရေး ညီလာခံကျင်းပရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Credit – Kachin Lion
ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီနှင့် ပြန်လည်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်ပါတီကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၄) ရက် နံနက် (၉) နာရီချိန်တွင် မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ခရိုင်တာဝန်ခံ ဦးစိုင်းလုံ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးရှာမွေလှရှဲန်၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးစောမူးလာနှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်အောင်ကြည် နှင့် မြို့နယ်ပါတီကော်မတီဝင်များ စုံညီစွာ တက်ရောက် ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီသစ် (၁/၂၀၁၆) အစည်းအဝေး
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ဇူလိုင်လ (၄) ရက် နံနက်ပိုင်းက ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီ ကော်မတီများ၊ မြို့နယ်ပါတီအရန်ကော်မတီများ အစည်းအဝေး(၁/၂၀၁၆) ကို ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအရန်ကော်မတီဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က လိုအပ်သည်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများ တစ်ဦးချင်းစီအလိုက် မိတ်ဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။