မိုးကောင်းပြည်ခိုင်ဖြိုးပါတီဝင်များ ဒေသဖွံ့ဖြိုးရေး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးကောင်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်သော မိုးကောင်းမြို့နယ် နမ္မတီးဒေသ ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်သော အင်အား (၃၀) ဦးသည် ဇူလိုင်လ (၇) ရက် နံနက် (၇) နာရီခွဲအချိန်က သူဌေးကုန်း ကျေးရွာ လမ်းမ ရေမြောင်းတူးခြင်း၊ ပိုက်ဂွေချခြင်း၊ သဲကျောက်ခင်းခြင်း လုပ်ငန်းများတွင် လုပ်အားဒါနပြု ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လပွတ္တာခရိုင် ပါတီမျက်နှာစုံညီစည်းဝေး ပြန်လည်ပြင်ဆင်ရေးရွေးချယ်ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးနှင့် ပါတီပြည်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယခုလ ၅ ရက် နံနက် ၁ဝ နာရီက လပွတ္တာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင်များ၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနှင့် မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင်သဘာပတိက အဖွင့်အမှာ စကားပြောကြားခြင်း၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားခြင်း၊အမျိုးသမီး ရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့အား တိုင်းဒေသကြီးပါတီနာယက (လပွတ္တာ ခရိုင်တာဝန်ခံ) ဦးဝင်းကိုကိုက အလှူငွေ တစ်သိန်းစီ လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် သဘာပတိတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးဥာဏ် လင်းရှေ့မှောက်၌ ခရိုင်ပါတီကော်မတီဝင်(အဟောင်း)များက တာဝန်မှနုတ်ထွက်ကြောင်း တင်ပြခြင်း၊ တိုင်းဒေသကြီးပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင် ဦးစိုးဝင်းက ခရိုင်ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေးကော်မတီဝင်ဦးဝင်းကိုကိုက ဆန္ဒမဲပေးရွေးချယ်ထားသော ခရိုင်ပါတီကော်မတီဝင်လောင်းများ ၏အမည်စာရင်းအား အတည်ပြုကြေညာခြင်း၊သဘာဝတိက ဆန္ဒမဲ ပေးရွေးချယ်ထားသည့် ခရိုင်ပါတီ ကော်မတီဝင်နှင့် ခရိုင်အရန်ပါတီကော်မတီဝင်များ၏ အမည်စာရင်းအား အတည်ပြုကြေညာခြင်း၊ ဆက်လက်၍ ဥက္ကဋ္ဌဦးလှိုင်ဦး၊ အတွင်းရေးမှူး ဦးလှမြင့်၊ ဘဏ္ဍာ ရေးမှူး ဦးဝင်းနိုင်ဦးတို့အား အတည်ပြုကြေညာခြင်းနှင့် ခရိုင် ပါတီကော်မတီဝင်များက ကတိ သစ္စာပြုခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ပြီး အခမ်းအနားကို ကြွေးကြော်သံ များဖြင့် အောင်မြင်စွာရုပ် သိမ်းလိုက်ကြောင်းသိရသည်။

ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာမောင်မောင်ဌေး အိန္ဒိယနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေးသည် ယခုလ ၄ရက် မွန်းလွဲ ၂နာရီ ၂၅ မိနစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ပြုလုပ်မည့် အိန္ဒိယဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့တို့အကြား အမြင်ချင်းဖလှယ် ဆွေးနွေးပွဲသို့တက်ရောက်ရန်အတွက် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းအမှတ် AI 228 W ဖြင့်ထွက်ခွာသွားရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နိုင်ငံခြားရေးရာဌာနမှဒုတိယဌာနမှူး ဦးဆွေဝင်းနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ကြောင်း သိရသည်။

C20.China Summit အခမ်းအနားတက်ရောက်ရန်ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်စင်တာမှ အလုပ် အမှုဆောင် ဦးကိုကိုလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါက်တာဝင်းအောင်ကျော် တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Gingsao မြို့တွင်ကျင်းပသော C20.China Summit အခမ်းအနားသို့တက်ရောက်ရန် ယခုလ ၄ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း လိုင်းအမှတ် KA 251 ဖြင့်ထွက်ခွာသွားရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် နိုင်ငံခြားရေးရာဌာနမှ ဒုတိယဌာနမှူးဦးဆွေဝင်း နှင့်တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ကြောင်း သိရသည်။

ဟီတာချီက ရင်းနှီးမြှုပ်နှံနိုင်မည့် ကဏ္ဍကို စောင့်ကြည့်နေဟုဆို

ကမ္ဘာ့ထိပ်တန်းစာရင်းဝင် နည်းပညာနှင့် စက်မှုလုပ်ငန်းစုဖြစ်သော ဟီတာချီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပြီး လုပ်သားအရင်းအမြစ်ပေါများကာ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဖြစ်နေ၍ မည်သည့်ကဏ္ဍ၌ ပါဝင်လုပ်ဆောင်နိုင်မည်ကို စောင့်ကြည့်နေကြောင်း ဟီတာချီကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ဟီရိုအကိနာကာနိရှိက ဆိုသည်။ (more…)


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုံညီအစည်းအဝေးကျင်းပမည့် နေရာနှင့်ရက်သတ်မှတ်ရန် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ တွေ့ဆုံညှိနှိုင်းမည်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေး ကျင်းပမည့်နေရာနှင့် ရက်သတ်မှတ်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့်အဖွဲ့များနှင့် မထိုးရသေးသည့်အဖွဲ့များ ဇူလိုင် (၈) ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်၌ တွေ့ဆုံ ညှိနှိုင်းမည်ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။

(more…)


NCA လက်မှတ်မထိုးသော အဖွဲ့များလည်း ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်နိုင်

NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ၂၁ ရာစုပင်လုံ ညီလာခံတွင် တက်ရာက်ဆွေးနွေးခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


မဘသ အရေးပေါ် အစည်းအဝေး ယနေ့ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မြန်မာနိုင်ငံတွင် မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့) မလိုအပ်ဟု ပြောဆိုထားခြင်းနှင့် ပတ်သက်ပြီး မဘသ အဖွဲ့(ဗဟို) က စုံညီအစည်းအဝေး တစ်ရပ်ကို ယနေ့( ဇူလိုင်လ ၇) ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မဘသ(ဗဟို) ပြောရေးဆိုခွင့်ရှိ ဆရာတော် ဒေါတ်တာ တေဇနိယက မိန့်ကြားသည်။

(more…)


လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ (ဇူလိုင် ၇ ရက်) နံနက် (၁၀း၃၀) အချိန်က မြို့နယ်ပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

13423872_395401823968284_1024692218516616870_n

(more…)


မိုးမိတ်ခရိုင်ပါတီ မျက်နှာစုံညီစည်းဝေးနှင့် ခရိုင်ကော်မတီပြန်လည်ရွေးချယ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၆) ရက်က ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး နှင့် ကျောက်မဲခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့် တို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

KMM5 KMM6

(more…)