ပြန်ကြားရေး ဝန်ကြီးဌာနတွင် အမြဲတမ်း အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဦးတင့်ဆွေမှာ ဇူလိုင်လ (၈) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံးထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ယခုရက်ပိုင်းအတွင်း ကြပ်မတ်စစ်ဆေးမှုများ ရှိနေ
ထိုင်းနိုင်ငံ ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ယခုရက်ပိုင်းအတွင်း ထိုင်းတာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (more…)
ရန်ကုန်စီးပွားရေးတက္ကသိုလ် ညနေပိုင်း မဟာဘွဲ့သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ
၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ညနေပိုင်း မဟာဘွဲ့ သင်တန်းများသို့ တက် ရောက် လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ကတည်ဆောက်ခဲ့သော မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား ထိုင်း-မြန်မာ အင်ဂျင်နီယာများပူးပေါင်း ၍ ပြုပြင် မွမ်းမံ
မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထားသော မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားအား ရေရှည်တည်တံ့ ခိုင်မာစေရေး အတွက် ပြုပြင်မွမ်းမံနေကြောင်း သိရသည်။ (more…)
နည်းပညာနှင့် သက်မွေးပညာဖိုရမ် နေပြည်တော်တွင် နှစ်ရက်ကြာ ကျင်းပမည်
နည်းပညာနှင့် သက် မွေးပညာရေး ဖွံ့ဖြိုးလာစေရန် နည်းပညာနှင့် သက်မွေးပညာဖို ရမ် (TVET Forum) ကို နေပြည် တော်ရှိ MICC-II တွင် ဇူလိုင် ၁၅ ရက်ကစ၍ နှစ်ရက်ကြာကျင်းပ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရေကြီးနစ်မြုပ်နေသည့် ရခိုင်ပြည်နယ်ရှိ မြို့များတွင် အရေးပေါ်ခိုလှုံနိုင်ရန် Shelter တည်ဆောက်ပေးသင့်
ရေကြီးနစ်မြုပ်မှုဒဏ် ဆိုးရွားစွာ ခံနေရသည့် ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် အမ်းမြို့နယ်များတွင် ဒေသခံများ အရေးပေါ် ခိုလှုံ နိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် Shelter တစ်ခုစီ တည်ဆောက် ပေးသင့်ကြောင်း လူမှုကူညီရေးအဖွဲ့များ က အကြံပြုသည်။
ရွှေဈေး ကျပ်ရှစ်သိန်းခွဲခန့်ဖြစ်လာ ဈေးကွက်တွင် အ၀ယ်တန့်
သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ရှစ်သိန်း ခွဲခန့်ဈေးဖြစ်လာပြီး ဆိုင်များတွင် အ၀ယ်ရပ်တန့်သည့်အနေ အထားသို့ ရောက်ရှိနေကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သတင်း ရရှိသည်။ (more…)
နိုင်ငံတော်သံဃမဟာနာယက(မဟန) ဆရာတော်များစုံညီ အစည်းအဝေးတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)အကြောင်း ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် မချနိုင်ခဲ့ဟုဆို
မဟာသဃာ့နာယက(မဟန) ဆရာတော်များ ၄၇ ပါးစုံညီအစည်းအဝေး ပထမနေ့ (ဇူလိုင် ၁၁) တွင် မဘသနှင့်ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိသေး ကြောင်း သိရသည်။ (more…)
မြန်မာတွင် အလုပ်လုပ်နေသော နိုင်ငံခြားသား လုပ်သားများကို လေးနှစ် သက်တမ်းရှိ Work permit ထုတ်ပေးရေး ဆိုင်ရာဥပဒေ လွှတ်တော်တင်ရန် နောက်ဆုံးအဆင့်ဆွေးနွေး
နိုင်ငံခြားသား အလုပ်သမားဥပဒေပြဋ္ဌာန်းပြီးပါက ရောက်ရှိပြီးနှင့် အသစ်ဝင်ရောက်မည့် နိုင်ငံခြားသား လုပ်သားတို့ကို Work permit ဖြင့် လေးနှစ်သက်တမ်းသာ နေထိုင်အလုပ်လုပ်ခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။ (more…)
ရန်ကုန်-မင်းဘူး-အမ်းတံတားတည်ဆောက်ရန် မောင်းသူမဲ့လေယာဉ်ဖြင့် လမ်းကြောင်းရေးဆွဲမည်
ရန်ကုန်-မင်းဘူး-အမ်းတံတား တည်ဆောက်ရန် မောင်းသူမဲ့လေယာဉ်ဖြင့် 3D ရုပ်ပုံများ ရိုက်ယူကာ လမ်းကြောင်း ရေးဆွဲမည်ဖြစ်ကြောင်း စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဦးစီးဌာနမှ သတင်းရရှိသည်။ ‘‘ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ အကူအညီတောင်းမှု ကြောင့် တံတားတည်ဆောက်ရေး လုပ်ငန်းမှာ လမ်းကြောင်း ရေးဆွဲခြင်းကို မောင်းသူမဲ့လေယာဉ်နဲ့ ရှုထောင့်ပေါင်းစုံကနေ ရုပ်ပုံတွေ ရိုက်ကူးပြီး တိုင်းတာပေးမှာဖြစ်ပါတယ်။ ရိုက်ကူးလို့ရလာတဲ့ပုံတွေ ကို ဆော့ဖ်ဝဲနဲ့ 3D ရုပ်ကြွအနေနဲ့ ဖန်တီးပြီး ရေးဆွဲပေးသွားမှာ ဖြစ်ပါတယ်’’ဟု စက်မှုနည်း ပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင် ရွက်မှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စွာစိုးက ပြောကြားသည်။ (more…)