နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံရေးအရ အမည်ပျက်စာရင်း သွင်းထားသူ ၃၁ ဦးကို ပယ်ဖျက်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။ (more…)
မိုဘိုင်းဆင်းမ်ကတ်များအားလုံး ၂၀၁၇ မတ်လမကုန်မီ မှတ်ပုံတင်အသုံးပြုရန်သတ်မှတ်၊ မှတ်ပုံမတင်သည့် ဆင်းမ်ကတ် များကို သုံးစွဲမှု ယာယီပိတ်မည်
ဆက်သွယ်ရေးအော်ပရေတာသုံးခု၏ မိုဘိုင်းဆင်းမ်ကတ်များကို မှတ်ပုံတင်၍ အသုံးပြုရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ၂၀၁၇ မတ်လ ကုန်တွင် ယာယီရပ်စဲမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ (more…)
ထိုင်းက တရားဝင် မြန်မာ အလုပ်သမားများ အခက်အခဲ အေဂျင်စီများ တာဝန်ယူမှု အားနည်း
ထိုင်းနိုင်ငံသို့ တရားဝင် (MOU) စနစ်ဖြင့် သွားရောက် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ၏ အခက်အခဲများကို ပို့ဆောင်ပေးသည့် အေဂျင်စီများ က တာဝန်ယူမှု အားနည်းကြောင်း သိရသည်။ (more…)
ရေလွှမ်းမိုးမှုကြောင့် မန္တလေးတွင် အခြေခံပညာ ကျောင်း ၂၀၀ ကျော် ခေတ္တပိတ်
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၂၀၀ ကျော်ကို ပိတ်ထားရပြီး ရေပြန်ကျပါက ကျောင်းသားများအား အချိန်ပိုပြန်လည်သင်ကြားမည်ဟု သတင်း ရရှိသည်။ (more…)
ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံတွင် စတင်ထုတ်လုပ်မည်
မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားများ ထုတ်လုပ်ဖြန့်ချိ သွားနိုင်တော့မည်ဖြစ်ကြောင်း ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံသို့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိ နေသော ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (more…)
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဟင်္သာတခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင် များနှင့်အတူ ဟင်္သာတမြို့၊ ညောင်ပင်ရပ်၊ အလယ်လမ်း ကွန်ကရစ်ခင်းသည့်နေရာသို့ ရောက်ရှိပြီး၊ ရပ်မိရပ်ဖ များ၊ ကွန်ကရစ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင် များ၊ တာဝန်ယူဆောင်ရွက်နေသည့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့များနှင့် တွေ့ဆုံသည်။
ဟင်္သာတမြို့၊ စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဒေါ်ခင်မြတ်မော်မှရှင်းလင်းပြောကြားစဉ်
သပိတ်ကျင်းပြည်ခိုင်ဖြိုး ရေဘေးသင့် ရေလည်ကျွန်းကျေးရွာ မိသားစုများ အတွက် ဆန်နှင့် ရေသန့်စက် သွားရောက်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးထွန်းတင့်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ အုပ်စုစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များမှ ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းက ရေလည်ကျွန်းကျေးရွာ ရေဘေးသင့်အိမ်ထောင်စု (၅၈) စုအတွက် ဆန်များ သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဟင်္သာတမြို့ အခြေခံအိမ်တွင်းမှု့သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်သင်ယူနေသည့် သင်တန်းသူများနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ နေ့လည် (၁)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှု့ဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှု့ဆောင်များနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အခြေခံ အိမ်တွင်းမှု့သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက် သင်ယူနေသည့် သင်တန်းဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့က သင်တန်းနည်းပြဆရာမများနှင့်သင်တန်းသူများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်းနေစဉ်
စစ်ကိုင်းတိုင်းဒေသကြီးပါတီ မျက်နှာစုံညီအစည်းအဝေးအကြို ညှိနှိုင်းစည်းဝေး
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အကြိုညှိနှိုင်း အစည်းအဝေးကို သြဂုတ် (၂) ရက်နေ့ ညနေ (၃) နာရီခွဲအချိန်တွင် မုံရွာမြို့ တိုင်းပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသာအေး က အမှာစကားပြောကြားသည်။
ကော့ကရိတ်ပြည်ခိုင်ဖြိုး ကျုံဒိုးမြို့ (၃) ရပ်ကွက် ကျောင်းသား/သူများအတွက် စာရေးကိရိယာများ လှူဒါန်း
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ (သြဂုတ်လ ၃) ရက် နံနက် (၈) နာရီအချိန်တွင် ကျုံဒိုးမြို့ အမှတ် (၃) ရပ်ကွက်မှ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ် များ သွားရောက်လှူဒါန်းခဲ့ပါသည်။