အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ရာ လက်ခံဆွေးနွေးရန်မသင့်ဟု လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် အဆိုမှာ ရှုံးနိမ့်သွားသည်။ (more…)
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်စိုက်ထူရေး ဆွေးနွေးမည်
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ မပြီးပြတ်သေးသည့် မြန်မာ-အိန္ဒိယနယ်နိမိတ်မှတ်တိုင် စိုက်ထူရေး သြဂုတ် ၂၂ ရက်တွင် နှစ်ဖက်နိုင်ငံခြားရေး ၀န်ကြီးဌာနအကြား ဒုတိယ၀န်ကြီးအဆင့် မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲ ကို မြန်မာနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က သြဂုတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နာဂဒေသ၌ ကူးစက်ရောဂါဖြစ်နေသည့်အပေါ် အဖွဲ့အစည်း ၄၀ က စုပေါင်းသဘောထားထုတ်ပြန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကူးစက်ရောဂါဖြစ်ပေါ်နေသည့်အပေါ် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူငယ်များနှင့် အရပ်ဖက်အဖွဲ့စည်း စုစုပေါင်း ၄၀ က ယနေ့(သြဂုတ် ၁၆ရက်) ရက်စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီနှင့် UNFC တို့ သီးသန့် ထပ်မံ တွေ့ဆုံမည်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံညီလာခံ ကျင်းပမည့်ရက်မတိုင်မီ ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ သီးသန့်ထပ်မံ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ (more…)
၂၁ ရာစု ပင်လုံညီလာခံ ခြောက်လတစ်ကြိမ် ကျင်းပမည်
၂၁ ရာစု ပင်လုံညီလာခံကို ခြောက်လတစ်ကြိမ် ဆွေးနွေး၍ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဒုညွန်ချုပ် ဦးဇော်ဌေးက ပြောသည်။ (more…)
အထူးစီးပွားရေးဇုန်များ စီမံခန့်ခွဲရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်း
အစိုးရသစ်ဖွဲ့စည်းပြီး ငါးလခွဲအကြာတွင် အထူးစီးပွားရေးဇုန်များစီမံခန့်ခွဲရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၁၅ ရက်၌ ထုတ်ပြန်ကြေညာ ခဲ့သည်။ (more…)
ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းမိသားစု ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း(ဗိုလ်ချုပ်ကြီးငြိမ်း) ဇနီး ဒေါ်မာမာဝေ မိသားစုကိုယ်စား ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (အားလုံး) (၉၈) ကျောင်းတို့အား ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီများ ရပ်/ကျေး ပ-ဒု ခေါင်းဆောင်များ၊ ကျေးရွာခွဲ ခေါင်းဆောင် များ၊ ပါတီဝင်များ၊ သက်ဆိုင်ရာ ရပ်/ကျေးမှ ရပ်မိရပ်ဖများ၊ ပရဟိတ အဖွဲ့များ ပူးပေါင်း၍ သြဂုတ်လ (၁၆) ရက် နံနက် (၈) နာရီအချိန်က ဝါဆိုသင်္ဃန်း ကပ်လှူခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ကန်ကြီးဒေါင့် ရေဘေးသင့်ပြည်သူများအားလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်(ငြိမ်း) သီရိပျံချီ ဦးသိန်းအောင် ဦးဆောင်ထူထောင် ဖွဲ့စည်းထားရှိသော ဧရာဝတီပညာ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ကန်ကြီးဒေါင့် မြို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ဆန်အိတ်၁ဝဝနှင့် စားသုံး ဆီများအား ယနေ့မွန်းလွဲပိုင်းက ပေးပို့လှူဒါန်းရာ ဖောင်ဒေးရှင်း ကိုယ်စား ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ခင်စောမူ တို့က တာဝန်ရှိသူများထံ လှူဒါန်း ခဲ့ကြသည်။
ဒုတိယအကြိမ်ပြည်ခိုင်ဖြိုးပါတီ ညီလာခံကို ကြိုဆိုသောအားဖြင့် ဘကကျောင်းနှင့်ကံကြီးပရဟိတမိဘမဲ့ဂေဟာတွင်အလှူငွေလှူဒါန်း
မကွေးတိုင်းဒေသကြီး ဆော မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံကိုကြိုဆို သောအားဖြင့် ဆောမြို့နယ်ဆောမြို့ ဘကကျောင်းနှင့် ကံကြီးလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာတို့အား အလှူငွေနှင့်စာအုပ်၊ ခဲတံ၊ အဝတ် အစားများ ပေးအပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။
ဟင်္သာတပြည်ခိုင်ဖြိုးရေဘေးသင့်ပြည်သူများအား ဆန်များလှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေှးင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး၏ စီစဉ်ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် ဟင်္သာတမြို့ရှိရေဘေးသင့်ပြည်သူ များအား အလှူရှင်များက အစားအစာနှင့်ဆေးဝါး၊ အဝတ်အထည်များ ကို လှူဒါန်းလျက်ရှိသည်။ ထိုသို့ လှူဒါန်းရာတွင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးအောင်ဇော်လှိုင်မိသားစုနှင့် မမြတ်သက် ညိုတို့က အလှူငွေကျပ်တစ်သိန်းစီကို ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းလာရာ ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် များသည် ဆန်အိတ်များဝယ်ယူ၍ ယနေ့မွန်းလွဲပိုင်းက ရွှေကူရပ်၊ ရွှေကူ ကျွန်း’စန်းအလင်္ကာပညာဒါနကျောင်း’တွင် ရေဘေးရှောင် ရောက်ရှိနေ သော အိမ်ထောင်စု ၅၉ စုတို့ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း ဟင်္သာတမြို့နယ်ပါတီကော်မတီဝင် ဦးမြင့်နိုင်ဦးထံမှ သိရသည်။



