မိုးရွာသွန်းမှုများပြား၍ မိုးရေ ဝင်ရောက်ကာ ရေဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ သင်ပန်းကုန်းရပ်ကွက် နေ ရေဘေးသင့်ပြည်သူများအား ပြည်ကြီး တံခွန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှဦးဆောင်၍ တစ်နပ်စာ ထမင်းနှင့်ဟင်း စတုဒိသာအဖြစ် သြဂုတ် (၂၂) ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၆ နာရီအထိ ကျွေးမွေးလှူဒါန်းခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) အစည်းအဝေး ကျင်းပ
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ်ခန်းမ၌ ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဌေးဦး၊ သူရဦးအေးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအကြံပေးများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ထူးချွန်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) တွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း (၂၂-၈-၂၀၁၆)
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ် ခန်းမတွင် ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းအပြည့်အစုံမှာ –
ဒုတိယအကြိမ် ပါတီညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် မိုးညှင်းပြည်ခိုင်ဖြိုး ကျွန်းပင်များစိုက်ပျိုး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ လမ်းညွှန်စီမံမှုဖြင့် မိုးညှင်းမြို့နယ် လုံးကျွတ် ပါတီဝင်များက ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ဂုဏ်ပြုကြိုဆိုထောက်ခံပွဲများ နယ်မြေဒေသ အလိုက် သြဂုတ်လ (၁၉) ရက်နေ့မှ သြဂုတ်လ (၂၁) ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးကော်မတီဝင်များ ဘ၀ာဝဘေးဒဏ်ကြောင့် နေအိမ်ပျက်စီးမှု အခြေအနေများ သွားရောက် ကြည့်ရှု
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သြဂုတ် (၁၉) ရက်နေ့က လေပြင်းတိုက်ခတ်မှုများနှင့်အတူ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မိုင်းကိုးအုပ်စုရှိ မယ်ဖုန်းလုံရွာ နေအိမ်များ အမိုးလန် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သောကြောင့် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးအောင်ဝင်း၊ မြို့နယ် ကော်မတီဝင် ဦးစိုးကျော်အောင်နှင့် မြို့နယ်ရုံး စာရေး/အထွေထွေလုပ်သားတို့သည် သြဂုတ် (၂၁) ရက်နေ့က မိုင်းကိုးအုပ်စု မယ်ဖုန်းလုံရွာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး မယ်ဖုန်းလုံရွာ သူကြီး ဦးကျခီးနှင့် တွေ့ဆုံ၍ ကူညီပံ့ပိုးမှုများ ပြုလုပ်နိုင်ရေးအတွက် နေအိမ်များ ပျက်စီးမှုအခြေအနေအား လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
တိုင်း၊ ခရိုင်၊ /မြို့နယ်ပါတီကော်မတီဝင်များ ပုသိမ်မြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း
ဧရာဝတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းကော်မတီဝင် ဦးဥာဏ်လင်း၊ ပုသိမ်ခရိုင် အတွင်းရေးမှူး ဦးကျော်ကျော်၊ ကော်မတီဝင် ဦးလှဌေး၊ ပုသိမ်မြို့နယ် အတွင်းရေးမှူး ဦးဌေးမင်းလွင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးသိဏ်းထွဏ်း၊ ဦးကျော်သိန်းထွန်း၊ ဦးကိုကိုလေး၊ ဦးအောင်စိုးဦး၊ ဦးကျော်ထွန်းဇော်၊ ဦးထွန်းထွန်းဦး၊ ခရိုင်/မြို့နယ်ရုံးအဖွဲ့ဝင်များ၊ ဒေသခံ ရပ်ကျေးပါတီ ခေါင်းဆောင်နှင့် ပါတီဝင်များ ပါဝင်သော အဖွဲ့သည် သြဂုတ်လ (၁၈) ရက် နံနက် (၁၁) နာရီအချိန်မှ စတင်၍ ရေကြီးနစ်မြုပ်လျှက်ရှိသော ထန်းကုန်းကျေးရွာ၊ ထန်းကန့်လန့်ကျေးရွာအုပ်စု၊ အစုကြီး၊ ဇီးကုန်း ကျေးရွာများသို့ သွားရောက်ပြီး ရေဘေးသင့် ဒေသခံပြည်သူများ အတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ဗူးများအား တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်လှူဒါန်း ပံ့ပိုးကူညီ ပေးခဲ့ကြကြောင်း သိရသည်။
၂၁ ရာစု ပင်လုံညီလာခံ အကြို ဖွင့်ပွဲ၌ ရွေးကောက်ပွဲ အနိုင်မရ နိုင်ငံရေးပါတီ ဥက္ကဋ္ဌ အားလုံး တက်ရောက်ခွင့် ရမည်
၂၁ ရာစုပင်လုံညီလာခံ အကြိုဖွင့်ပွဲ၌ ရွေးကောက်ပွဲအနိုင်မရ နိုင်ငံရေးပါတီ ၇ဝ မှ ပါတီဥက္ကဋ္ဌများအားလုံး တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးဆပ်ကော်မတီ (၂) အဖွဲ့ဝင် ဦးဇော်ဌေး (နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ) က ပြောကြားသည်။ (more…)
၂၁ ရာစု ပင်လုံညီလာခံ ဖိတ်ကြားမှု အစီအစဉ်ကို ကယားနိုင်ငံရေးပါတီ (၃) ခု စုပေါင်းကန့်ကွက်
၂၁ ရာစု ပင်လုံညီလာခံကို နိုင်ငံရေးပါတီများ တက်ရောက်ရန် ဖိတ်ကြားရာတွင် တန်းတူအခွင့်အရေး မရှိခြင်းကြောင့် ကယားပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ (၃) ခု စုပေါင်း၍ သြဂုတ်လ (၂၀) ရက်နေ့က ကန့်ကွက်စာ ထုတ်ပြန် လိုက်သည်။
အစိုးရနှင့် UNFC အပစ်အခတ်ရပ်စဲရေး တစ်နိုင်ငံလုံး တစ်ပြိုင်နက် ကြေညာရပ်စဲရန် အပါအဝင် အဓိကအချက်သုံးချက်ကို ဆွေးနွေး
တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ပြိုင်တည်း ကြေညာရန် အပါအဝင် အဓိကအချက်သုံးချက်ကို ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (more…)
တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး သြဂုတ် ၂၄ ရက်တွင် ကျင်းပမည်
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို သြဂုတ် (၂၄) ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)