ယမန်နေ့ညနေပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ည ၁၂ နာရီအထိရရှိသော သတင်းများအရ လူသုံးဦးသေဆုံးပြီး ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ စေတီပုထိုး ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီပုထိုး ပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၄ရက် ညနေ ၅နာ ရီ ၅မိနစ်က မကွေးတိုင်းဒေသကြီး ချောက်မြို့၏အနောက်ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင် အားရစ်ခ်ျတာစကေး ၆ ဒသမ ၈အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ် ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။ (more…)