အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများအပေါ် အခြေခံ၍ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန် ၂၁ ရာစုပင်လုံ ညီလာခံသို့ အဖွဲ့ဝင်အားလုံး စုံလင်စွာပါဝင် တက်ရောက်မည်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ (more…)
တပ်မတော် ထိပ်တန်း ရာထူးအချို့ အပြောင်းအလဲပြုလုပ်
တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်တို့အား သြဂုတ်လ ၂၆ ရက်နေ့တွင် အသီးသီးရာထူးတိုး မြှင့်ခြင်းခံခဲ့ရပြီး တပ်မတော်အတွင်း ထိပ်တန်းခေါင်းဆောင်များ ရာထူးအပြောင်းအလဲ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ (more…)
နိုင်ငံသားစီစစ်မှုလုပ်ငန်းများ စည်းကမ်းဥပဒေနှင့်အညီ ပြုလုပ်ရန် ANP မှ တောင်းဆို
နိုင်ငံသားစီစစ်ရေးစီမံကိန်းများကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်း ဥပဒေနှင့် မကိုက်ညီသော နိုင်ငံသားအဖြစ် အသိအမှတ်ပြု မှုများ ရှိနေမှုအပေါ် ပြန်လည်ရုပ်သိမ်းရန်နှင့် ဥပဒေပါစည်းကမ်းများ အတိုင်း ဆောင်ရွက်ကြရန် ရခိုင်အမျိုးသားပါတီ ANP က တောင်းဆိုလိုက်သည်။ (more…)
နာဂဒေသတွင် ၀က်သက်ရောဂါကြောင့် သေဆုံးသူ ၆၈ ဦး အထိရှိလာပြီး နန်းယွန်းမြို့ ကဲဆန်ဆာလင်နှင့် ကဲဆန် ကားလန် ကျေးရွာများ၌ အခြေအနေဆိုးကာ ကျန်းမာရေး စောင့်ရှောက်မှု မရသေးဟု သိရ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၀က်သက်ရောဂါ အစုလိုက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၆၈ ဦးအထိရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်ခြင်း မရှိသေးကြောင်း နာဂလူမှုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြားသည်။ (more…)
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် စက်တင်ဘာလကုန် နောက်ဆုံး လျှောက်ထားရမည်
ယခုပညာသင်နှစ် ဒသမတန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလကုန် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သြဂုတ်လ ၂၅ ရက်တွင် သတင်းထုတ်ပြန် ကြေညာသည်။ (more…)
တိုင်းဒေသကြီး၊/ပြည်နယ်ပါတီ ဥက္ကဌများအဖြစ် တာဝန်ပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲ ငယ်စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟို ကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီကော်မတီ ဥက္ကဋ္ဌများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ်လိုက်ကြောင်း သိရသည် –
စမ်းချောင်းမြို့နယ်/ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပုံမှန်စည်းဝေးပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ ရပ်ကွက်ပါတီကော်မတီဝင်များ ပုံမှန်အစည်းအဝေးကို သြဂုတ်လ (၂၅) ရက်နေ့ မွန်းတည့် (၁၂) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီပါတီအတွင်းရေးမှူး ဦးစိုးမြင့်မှ ပါတီဗဟိုမှ ချမှတ်ထားသောဦးတည်ချက်များနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မိုးတွင်းကာလ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်နှင့် အမျိုးဘာသာသာသနာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
အမရပူရပြည်ခိုင်ဖြိုး မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ
(၂၆.၈.၂၀၁၆)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် အမရပူရမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် 264/3 အနီးလမ်းဘေးဝဲယာတွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများနှင့် ပြည်ခိုင်ဖြိုးအဖွဲ့များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသိန်းထွန်းဦးနှင့်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများများမှ ပြည်ခိုင်ဖြိုးများ စုစုပေါင်း(၂၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြပြီး လမ်းဘေးအရိပ်ရပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ချက်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၂၄-၈-၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် တစ်ရပ်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သဘောထားကြေညာချက်တစ်ရပ်ကို သြဂုတ် (၂၅) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းကြေညာချက် အပြည့်အစုံမှာ –