နယ်နိမိတ်မသတ်မှတ်ရသေးသည့်နယ်မြေကို ကမ္ဘာ့အမွေအနှစ်ဝင်ရန် ထိုင်းအစိုးရကြိုးပမ်းမှုအပေါ် ကန့်ကွက်သည့် မြန်မာနိုင်ငံ၏အဆို ယူနက်စကိုထောက်ခံ

နယ်နိမိတ်အဖြစ်မသတ်မှတ်ရသေးသော သစ်တောထူထပ်သည့်ဒေသကို ထိုင်းနိုင်ငံအစိုးရက ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခဲ့သည့်အပေါ် ကန့်ကွက်ခဲ့သော မြန်မာနိုင်ငံ၏အဆိုကို ယူနက်စကိုကော်မတီအဖွဲ့ဝင်များက ထောက်ခံခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုး ဒုတိယအကြိမ်ပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့တွင် ဘုရားဖြူ ရွှေပေါ်ကျွန်း လမ်းဘေးဝဲယာတွင် ဒုတိယအကြိမ် ပါတီ ညီလာခံအောင် ပွဲ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် ခရိုင်ပါတီကော်မတီဝင် ဦးမြဌေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်နှင့် လူငယ်များ အင်အား ၁၅ဝ နှင့် သစ်ပင်စိုက်ပွဲတော်ကို ကျင်းပခဲ့သည်။

အမေရိကန်-မြန်မာ အိုင်စီတီကောင်စီနှင့် ပြည်တွင်းပြည်ပကုမ္ပဏီများပါဝင်မည့် ဖိုရမ်တစ်ခု ကျင်းပမည်

အမေရိကန်-မြန်မာ အိုင်စီတီကောင်စီအပါအဝင် ပြည်တွင်း၊ ပြည်ပအိုင်စီတီကုမ္ပဏီများစုပေါင်း၍ E-Government ပြပွဲနှင့် ဆွေးနွေးပွဲများပါဝင်သည့် ဖိုရမ်တစ်ခုကို လာမည့်အောက်တိုဘာ ပထမပတ်အတွင်း၌ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ  သတင်းရရှိသည်။ (more…)


ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ် ကျောက်ပန်းတောင်း ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်းသစ်ပင်စိုက်ပျိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ် ဗဟိုပါတီညီလာခံ (၂ဝ၁၆) အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စက်တင်ဘာလ (၃) ရက် နံနက် ၇ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ စုပေါင်း၍ ကျောက်ပန်းတောင်းမြို့ အရှေ့မြို့ပတ်လမ်းတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဒုတိယအကြိမ် ပါတီညီလာခံအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အရိပ်ရပင်များ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကြည်ဖေ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးနိုင်ဝင်းတို့ ဦးဆောင်မှုဖြင့် မြို့နယ်အမှုဆောင် များ၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးများ စုစုပေါင်း (၇ဝ) သည် ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ (၃) ရက် နေ့ နံနက် (၉) နာရီ(၄၅)မိနစ်မှ (၁ဝ) နာရီ (၄၅) မိနစ်အထိ နွားထိုးကြီးမြို့ အမှတ် (၅)ရပ်ကွက် မိုးကုတ်ကျောင်းတိုက် ဘိုးဘွားရိပ်သာ၌ ကျွန်းပင် ၆ဝ၊ ကုက္ကိုပင် ၂၅ပင်၊ ယင်းမာပင် ၂၅ပ င် စုစုပေါင်းအရိပ်ရသစ်ပင် ၁၁ဝတို့ကို ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍(၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၃) ရက် နံနက် (၉) နာရီက ရန်ကုန်အမျိုးသား သွေးလှူဘဏ်၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင် ၂ဝဝ ကျော်တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော အဖွဲ့ဝင် (၂၁) ဦးပါ မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်မှ တရုတ်လေကြောင်းလိုင်းဖြင့် သြဂုတ် (၃ဝ) ရက် မွန်းလွဲ ၃ နာရီတွင် ထွက်ခွာခဲ့ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွေ့ရန်အပြည် ပြည်ဆိုင်ရာ လေဆိပ် သို့ ဒေသစံတော်ချိန် ည ၁ဝ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဘုရားထီးတော် တင်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပင်မြိုင် ကျေးရွာ ရွှေပင်မြိုင်တောရရှိ တတိုင်းပြည့်စေတီထီးတော်နှင့်စိန်ဖူး တော်အထွတ်တင်လှူပွဲကို စက်တင်ဘာလ (၃) ရက် ၉နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာသဖအမှူးပြုသော သံဃာတော် ၂၅ပါး ကြွရောက်ပြီး ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့်ဇနီး ဒေါ်သင်းမျိုးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးတင်စိုးနှင့် ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ထီးတော်အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဗုဒ္ဓဘာသာဝင် ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ပြည်ထောင်စုနယ်မြေမှ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် ယနေ့ စက်တင်ဘာ(၂)ရက်နေ့ (၁ဝးဝဝ) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား(၇၅ဝ)ဦးခန့်တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။

_DSC4176 _DSC4129

(more…)


မြစ်ဆုံကော်မရှင် စက်တင်ဘာ ဒုတိယပတ်တွင် မြစ်ဆုံဒေသသို့ သွားရောက်မည်

 

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားသော်လည်း လူထုကန့်ကွက်မှုကြောင့် ငါးနှစ်ကြာ ရပ်ဆိုင်းထား သော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သမ္မတထံ တိုက်ရိုက်အစီရင်ခံစာ တင်ပြရမည့် ကော်မရှင်အဖွဲ့သည် စက်တင်ဘာ ဒုတိယပတ်တွင် မြစ်ဆုံဒေသသို့ မြေပြင်အခြေအနေ သွားရောက်ဆန်းစစ်မည်ဟု သတင်းရရှိသည်။ (more…)