ဇလွန်ပြည်ခိုင်ဖြိုး ဂါရဝပြုလက်ဆောင်နှင့် ငွေပဒေသာပင်စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင် ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ လိုက်ပါကာ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ၂ဝ၁၅ ခုနှစ် ပါတီအောင်နိုင်ရေး မဲဆွယ်ကာလက လွှတ်တော် ကိုယ်စားလှယ်များ အုပ်စုပေါင်း ၇၁ အုပ်စုရှိ ကွင်းဆင်းစည်းရုံးဟောပြောခဲ့သည့် နေအိမ် များ၊ မြို့ပေါ် (၅)ရပ်ကွက် အစည်းအဝေးပြုလုပ်ခဲ့သော အိမ်များသို့ သွားရောက်၍ အောင်နိုင်ရေး နှစ်ပတ်လည် အထိမ်းအမှတ် ဂါရဝပြု လက်ဆောင်အဖြစ် ပါတီတံဆိပ်ပါ အင်္ကျီအထည် ၃ဝဝ၊ ပုဆိုး၊ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့သည်။

14355124_429017417273391_6176335780984241355_n

(more…)


ကယားပြည်နယ် သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် မျက်စိအခမဲ့ စမ်းသပ်ကုသမှုဆောင်ရွက်ပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်၊ သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဦးမြအောင် ဦးဆောင်သောအဖွဲ့ ဆရာဝန်ကြီး(၆)ဦးအပြင် သူနာပြုအဖွဲ့ (၁၀)ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်၊ ၀န်ထမ်းများစုပေါင်းပြီး မျက်စိအခမဲ့ ခွဲစိတ်မှုများကို စက်တင်ဘာလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

14359021_429371047238028_6684902687277565972_n

(more…)


ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး လယ်ဝေးမြို့နယ် ကျေးရွာအုပ်စု ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ဇလီ/ ငှက်ကြီးတောင်ကျေးရွာ အုပ်စု၊ အောင်စည်လာကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယခုလ (၁၂) ရက် နံနက် (၁၁)နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ လယ်ဝေးမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် ကော်မတီဝင် များသည် ဇလီ/ငှက်ကြီးတောင်၊ သစ်ကြိမ်း၊ ပေါက်မြိုင်ကျေးရွာ အုပ်စုများမှ ပါတီဝင်များနှင့် တွေ့ဆုံ၍ ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံများ၊ ပါတီရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

14322293_648125345356980_8125944108516264238_n

(more…)


ကယားပြည်နယ်ပါတီကော်မတီဝင်များနှင့် ဘောလခဲခရိုင် ပါတီကော်မတီ ၀င်များ တွေ့ဆုံပွဲပြုလုပ်

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို ဘောလခဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၇) ရက် နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတွေ့ဆုံပွဲတွင် သဘာပတိအဖွဲ့အဖြစ် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကျော်သန်း၊ဦးအေးမောင်နှင့် ဦးစိုင်းသာစိန်တို့က ဆောင်ရွက်ပြီး၊ ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ဘောလခဲ ခရိုင်ပါတီကော်မတီဝင်များ၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ်ကော်မတီဝင်များ အသီးသီးတက်ရောက် ကြပါသည်။

ဧရာဝတီမြစ်ဆုံ ကော်မရှင် စီမံကိန်းဒေသသို့ သုံးရက် သွားရောက်မည်

ဧရာဝတီ- မြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းဒေသသို့ သုံးရက်ကြာ သွားမည်ဖြစ်ကြောင်း အဆိုပါကော်မရှင်အဖွဲ့ထံမှ သိရသည်။ (more…)


ရန်ကုန်မြို့အပါအ၀င် မြို့ကြီးသုံးမြို့တွင် ဟိုတယ်နှင့် မိုတယ်အသစ် တည်ဆောက်ခွင့် တားမြစ်ထား

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးသုံးမြို့တွင် ဟိုတယ်၊ မိုတယ်များ၏ အခန်းအရေအတွက် များပြားနေခြင်းကြောင့် ဟိုတယ်အသစ်တည်ဆောက်ခွင့် တားမြစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ (more…)


ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည်များကို ဖေ့စ်ဘွတ်ခ်တင်ခြင်း မပြုရန် ခံဝန်ကတိများ ရေးထိုးရမည်ဟုဆို

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဆရာ၊ ဆရာမများအနေဖြင့် ဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာများ၊ ပြန်တမ်းများ၊ ထုတ်ပြန်ချက်များကို လူမှု ကွန်ရက်ပေါ်တွင် မတင်ရန်နှင့် မိမိတို့၏လိုအပ်ချက်များကို အဆင့်ကျော် တင်ပြခြင်း၊ တိုင်ကြားခြင်းများမပြုလုပ်ရန် ခံဝန်ကတိများ ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။ (more…)


ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ရာတွင် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့နိုင်ကြောင်း ပြည်တွင်းအော်ပရေတာသုံးခု ပြော

ဆက်သွယ်ရေး အော်ပရေတာများအတွက် ကွန်ရက်တိုးချဲ့ရာတွင် အခက်အခဲများ ရင်ဆိုင်ရဆဲဖြစ်ပြီး နောက်ပိုင်း ၌ စိန်ခေါ်မှုပိုမိုများပြားလာနိုင်ကြောင်း ပြည်တွင်းအော်ပရေတာသုံးခုမှ တာဝန်ရှိသူများက ပြောကြားသည်။

နေပြည်တော်၌ နှစ်ရက်ကြာကျင်းပနေသည့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အခမ်းအနား Myanmar Connect 2016 တွင် အော်ပရေတာသုံးခု၏ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။ (more…)


လေကြောင်းလိုင်းနှင့် အဝေးပြေးယာဉ်များ၏ E-Ticket များ စာတိုက်များတွင် ဝယ်ယူနိုင်

လေယာဉ်လက်မှတ်များနှင့် အဝေးပြေးကားလက်မှတ်များကို E- Ticket အီလက်ထရွန်နစ်စနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့် မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက်ခွဲများအားလုံးတွင် စတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့ စာပို့တိုက်လုပ်ငန်း (ရန်ကုန်တိုင်း) မှ သတင်းရရှိသည်။ (more…)


Singapore Institute of Management ပညာသင်ဆု လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းအောင် နှင့် iGCSE (GCE ‘O’Level) ကျောင်းသူ၊ ကျောင်းသားများ Singapore Institute of Man-agement (SIM Global Edu-cation) ၏ စီးပွားရေးဆိုင်ရာပညာသင်ဆုကို အောက်တိုဘာ (၁) ရက်တွင် စတင်လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ (more…)