တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်/ရပ်ကျေး ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို စင်တင်ဘာလ ( ၇ ) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည် ။
အစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်များ တက်ရောက် ကြပြီး ဥက္ကဌ ဦးမိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။