ကျပ်ငါးရာတန် ထီလက်မှတ်များကို ၂၀၁၇ မတ်လတွင် စတင်ရောင်းချမည်ဖြစ်သည်။ ကျပ် ၅၀၀ တန်ထီဖွင့် လှစ်ပါက လက်ရှိဖွင့်လှစ်ပေးနေ သည့် ကျပ် ၂၀၀ တန်ထီလက်မှတ်စောင်ရေ လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထီကိုယ်စားလှယ်များနှင့် ထီကံစမ်းလိုသူများသည်၂၀၁၇ ဧပြီတွင် ဖွင့်လှစ်မည့် ကျပ် ၅၀၀ တန်ထီကို စိတ်ဝင်စားမှု များနေသောကြောင့် အဆိုပါထီ စတင်ရောင်းချ သည့် လကစ၍ ကျပ် ၂၀၀ တန် ထီလက်မှတ် ဖြန့်ဖြူးထုတ်လုပ်မှုကို လျှော့ချမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြောသည်။
ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်ရေး ကျပ်သန်းတစ်သောင်းကျော် သုံးမည်
လာမည့်နှစ်တွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေးအတွက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက် ရန် ကျပ် သန်း တစ်သောင်းခုနစ် ထောင်ကျော် သုံးစွဲမည် ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းမှ သတင်းရရှိသည်။
နှစ်နိုင်ငံတပ်မတော်ကြား ဆက်ဆံရေးပိုမိုကောင်းမွန်အောင်လုပ်ဆောင်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်ပြောကြား
မြန်မာနှင့်တရုတ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်တို့အကြား ဆက်ဆံရေးကို ယခုထက် ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံရာ၌ ပြောကြားကြောင်းသိရသည်။ (more…)
ရှမ်းနီ ပါတီနှင့် လီဆူ ပါတီတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းမှု KPCC ကန့်ကွက်
၂၁ ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းလိုင်ရှမ်းနီပါတီနှင့် လီဆူပါတီတို့က ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်တချို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရန် တောင်းဆိုခဲ့ခြင်းအပေါ် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ (more…)
ဆရာတော်ဦးဥတ္တမ (၇၇)နှစ်မြောက် အခမ်းအနား ရန်ကုန်နှင့် ရခိုင်ပြည်နယ်မြို့များတွင် ကျင်းပမည်
ယခုလ ၉ ရက်တွင် ကျရောက်မည့် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ (၇၇) နှစ် မြောက် အခမ်းအနားကို ရန်ကုန်မြို့အပါအ၀င် ရခိုင်ပြည်နယ်ရှိ မြို့များတွင် ကျင်းပမည်ဟု သတင်းရရှိသည်။
ရန်ကုန်မြို့၌ ကျင်းပမည့်အခမ်းအနားအတွက် ယခုလ ၇ ရက် နံနက်တွင် ရခိုင်ပြည်နယ်ဓမ္မာရုံ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဦးဥတ္တမပန်းခြံတွင် ကျင်းပမည့်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ရခိုင်လူမှုအသင်း အဖွဲ့များ စုပေါင်းပါဝင်မည်ဖြစ်ကြောင်း (၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနား ကျင်းပရေးကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဦးဖေသိန်းက ပြောသည်။ (more…)
ကိုယ်ဝန်ဆောင်နှင့် ကိုယ်ဝန်ဆောင်မည့်သူများ ချင်းမိုင်သို့ မလာရန် မြန်မာကောင်စစ်ဝန်ရုံး သတိပေး
ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် မြန်မာအမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရသောကြောင့် မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသူများ ချင်းမိုင်သို့လာရောက်မှုကို ခေတ္တဆိုင်းငံ့ထား သင့်ကြောင်း ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးက (စက်တင်ဘာ ၇ ရက်) ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် လိုက်သည်။ (more…)
ကျေးလက်ဒေသများအတွက် ဂြိုဟ်တုဆက်သွယ်ရေး အင်တာနက်ဝန်ဆောင်မှုပေးမည်
ဝေးလံခေါင်သီသော ကျေးလက်ဒေသများအတွက် ဂြိုဟ်တုအခြေပြုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်း (Onet Service) ကို မြန်မာကုမ္ပဏီတစ်ခုနှင့် ဗီယက်နမ် နည်းပညာကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
ကျပ် ၅၀၀ တန်ထီ စတင်ရောင်းချချိန်တွင် ကျပ် ၂၀၀ ထီကို ဆုကြေးမပြောင်းဘဲ စောင်ရေလျှော့ချမည်
ကျပ် ၅၀၀ တန်ထီဖွင့်လှစ်ပါက လက်ရှိဖွင့်လှစ်ပေးနေသည့် ကျပ် ၂၀၀ တန် ထီလက်မှတ်စောင်ရေ လျှော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အသက်၁၀၀ ကျော် အဘွားအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းထောက်ပံ့
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ်(၉၀)ရပ်ကွက် မင်းလှလမ်း ကျူးနေ ဒေါ်ညို အသက်(၁၀၂)နှစ် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ၏ ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်း ငွေကျပ် ၂ သိန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီကော်မတီဝင် ဦးသိန်းကျော်အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်း နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကော်မတီဝင်များက စက်တင်ဘာလ (၇) ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်တွင် အိမ်တိုင် ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ပြီး အဘွား ဒေါ်ညို မှ ဝမ်းသာမျက်ရည်များဖြင့် ဆုတောင်းမေတ္တာပြန်လည် ပို့သပေးခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင်ပါတီနှင့် ရေကြည်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးစိုးဝင်း ဦးဆောင်၍ ခရိုင်ကော်မတီဝင်များလိုက်ပါကာ စက်တင်ဘာ (၇) ရက် နေ့လည် (၁၂:၄၅) အချိန်တွင် ရေကြည်မြို့နယ် ပါတီကော်မတီများနှင့် တွေ့ဆုံခဲ့ပါသည်။