ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ဇလီ/ ငှက်ကြီးတောင်ကျေးရွာ အုပ်စု၊ အောင်စည်လာကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယခုလ (၁၂) ရက် နံနက် (၁၁)နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ လယ်ဝေးမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် ကော်မတီဝင် များသည် ဇလီ/ငှက်ကြီးတောင်၊ သစ်ကြိမ်း၊ ပေါက်မြိုင်ကျေးရွာ အုပ်စုများမှ ပါတီဝင်များနှင့် တွေ့ဆုံ၍ ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံများ၊ ပါတီရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။