တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ စီးပွားပန်းခင်း ပညာရေးဝန်ဆောင်မှု LCCI(UK) Level (I), (II) သင်တန်းမှ သင်တန်းသား/သူများအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ ဦးသန်းထွန်းတို့မှ မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကျေးစည်းမှူးများနှင့် စီးပွားပန်းခင်း ပညာရေးဝန်ဆောင်မှု LCCI(UK) Level (I), (II) သင်တန်းမှ သင်တန်းသား/ သူများအား တွေ့ဆုံပွဲကို ဇလွန်မြို့နယ် ပါတီရုံးခမ်းမတွင် စက်တင်ဘာလ(၂၀) ရက် နေ့လည် (၃) နာရီ (၄၅) မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား တွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

သန်လျင်ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ပုဂံဘုရားများပြုပြင်ရန်အတွက် အလှူငွေများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု (၄၅)ခုမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် စေတနာရှင် မိဘပြည်သူများမှ စုပေါင်း၍ ပုဂံရှေးဟောင်းနယ်မြေ ဒေသရှိ သမိုင်းဝင် တန်ခိုးကြီး ဘုရားအချို့နှင့် စေတီပုထိုးများ၊သာသနိက အဆောက်အအုံများ၊ ပြိုကျပျက်စီးမှုများကို ပြန်လည်ပြု ပြင်တည်ဆောက်ရန်အတွက် လှူဒါန်းထားသော အလှူငွေကျပ်(၄၄၆၀၀၀၀/ိ) (ကျပ်လေးဆယ့်လေးသိန်းခြောက်သောင်း) တိတိကို စက်တင်ဘာလ (၂၁) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေစည်းမှူးများ လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၊ အရံကော်မတီဝင်များနှင့် ရပ်ကွက်စည်းရုံး ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၁) ရက်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်းပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ (၂၀) ရက် နံနက် (၁၀) နာရီအချိန်တွင် တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးမှ အစည်းအဝေးကျင်းပပုံ နည်းလမ်းတကျဖြစ်စေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ကြံခင်းမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်လင်း သည် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကိုနှင့်အတူ စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းက ကြံခင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး စုဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ နှင့် ရပ်/ကျေးပါတီဝင်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ်ညီလာခံမှ ချမှတ်လိုက်သော ရည်ရွယ်ချက်၊ လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး အောက်ခြေပါတီများသို့တိုင် လိုက်လံရှင်းလင်း ဆွေးနွေးရခြင်းကို အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။

NLD အစိုးရသစ် ၂၀၀၈ ဖွဲ့စည်းပုံကို လိုရာစွဲ အသုံးပြုနေဟု တပ်မတော် ဝေဖန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်သည် လွှတ်တော်တွင် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်း၊ ရုပ်သိမ်းခြင်းများဆောင်ရွက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လိုရာစွဲ၍ အသုံးပြုလျက်ရှိကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးမြင့်မောင်က ဝေဖန်လိုက်သည်။ (more…)


EU အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံတင်သွင်းမည့် မြန်မာလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို တင်သင့်ကြောင်း ဥရောပ-မြန်မာကွန်ရက်က တောင်းဆို

EU အနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ တင်သွင်းမည့် မြန်မာနိုင်ငံနှင့်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို တင်သင့်ကြောင်း ဥရောပ-မြန်မာကွန်ရက်က တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာချက် တစ်စောင်အား စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်သည်။ (more…)


နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ရာထူးတိုးခွင့်ရတော့မည်

နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုပေါ်မူတည်ပြီး ရာထူးတိုး မြှင့်ခြင်းခံစားခွင့် ရှိရမည်ဆိုသည့်အချက်ကို နိုင်ငံ့ဝန်ထမ်း ဥပဒေပြင်ဆင်ချက်တွင် ထည့်သွင်း အတည်ပြုထားသည်ဟု သိရသည်။ (more…)


စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာလိုင်စင် ယခုတစ်ပတ်အတွင်း လျှောက်လွှာတင်မည်

ပြည်တွင်း၌ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်လိုင်စင်ကို ပြည်တွင်းတယ်လီကွန်း ကုမ္ပဏီနှင့် ဗီယက်နမ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနထံ ယခုတစ်ပတ်အတွင်း လျှောက်လွှာတင်မည်ဟု သတင်းရရှိသည်။ (more…)


ငလျင်ဒဏ်သင့် ပုဂံဘုရားများပြန် လည်ပြုပြင်ရန် ငြမ်းဆင်ကျွမ်းကျင်သူများလိုအပ်နေ

သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ(ပုဂံ) တွင် ဘုရားပုထိုး စေတီပေါင်း ၄ဝဝ နီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အဆိုပါ ဘုရားပုထိုးစေတီများအား ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ရန် အတွက် စနစ်တကျရှိစေရေး ဆောင်ရွက်ခဲ့ကြသည်။ (more…)