ခရမ်းမြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၆) ရက်နေ့လည် ၁ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးကို တိုင်းပါတီ၏ညွှန်ကြားချက်အရ ခရမ်းမြို့နယ်ပါတီ မြို့နယ်အလုပ်အမှုဆောင် လိုအပ်ချက် ဖြည့်တင်းရန် ပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးမျိုးဇော်ဦးနှင့် ဦးအောင်ကိုကိုဦး တို့အား မြို့နယ်အလုပ်အမှု ဆောင်များအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အေးသန်းကုန်းရွာ မီးလင်းပြီ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တက်ရောက်ဖွင့်လှစ်ပေး

ပျော်ဘွယ်မြို့နယ် တောတွင်လှအုပ်စု အေးသန်းကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို စက်တင်ဘာလ (၂၅) ရက် ညနေပိုင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲသို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသောင်းအေး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကြည်မြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ၊ ရွာမိရွာဖများနှင့် ကျေးရွာနေပြည်ျား တက်ရောက် ခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၆၇)နှစ်မြောက် အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့် အဖွဲ့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၆၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး HE. Mr. HONG Liang မှ တည်ခင်းဧည့်ခံသော ညစာစားပွဲ အခမ်းအနားကို (၂၆-၉-၂၀၁၆)ရက် (တနင်္လာနေ့) ညနေ (၆) နာရီအချိန်က နေပြည်တော်ရှိ MICC-2 တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြင့်စိုး၊ ဦးခင်ရီ၊ ဦးသောင်းအေး နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်မည်

13081804_1136480829709399_320826700_n

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာနှင့်ပတ်သက်၍ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်နိုင်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ကြိုင် က ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဗီဇာကြေးပြင်ဆင်သတ်မှတ်ခြင်း၊ နေခွင့်ကာလတိုးမြှင့်ခြင်း၊ ဗီဇာလျှောက်ထားရာတွင် လိုအပ်သည့် သတ်မှတ်ချက်များ ဖြေလျှော့ခြင်း များပြုလုပ်နိုင်ရန် ဗဟိုအဆင့်သို့ တင်ပြထားပြီးဖြစ်ကာ အတည်ပြု ဆုံးဖြတ်ရန် အဆင့်သာ ကျန်တော့ကြောင်း ၎င်းက ပြောကြားသည်။

တစညပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင် မဝင် မဆုံးဖြတ်ရသေးဟုဆို

13081804_1136480829709399_320826700_n

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီအနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မပြိုင်ကို ဆုံးဖြတ်ထားရခြင်း မရှိသေး ကြောင်း တစည ပါတီဗဟိုကော်မတီဝင် ဦးအောင်သိန်းက ပါတီ၏ တည်ထောင်ခြင်း ၂၈ နှစ်မြောက် အခမ်းအနားတွင် ပြောကြားသည်။

လက်ရှိအခြေအနေအရ ပါတီတွင်း အောက်ခြေအဖွဲ့အစည်းများ ခိုင်မာရေးကို လုပ်ဆောင်နေပြီး ကြားဖြတ် ရွေးကောက်ပွဲထက် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အခြေအနေ ကောင်းမွန်ရေးကို ပိုမိုအာရုံစိုက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်း စက်သုံးဆီဈေး တစ်ကျော့ပြန် မြင့်တက်

13081804_1136480829709399_320826700_n

ကမ္ဘာ့ရေနံစိမ်းဈေးနှင့် နိုင်ငံတကာငွေလဲဈေးမြင့်တက် လာခြင်းကြောင့် ပြည်တွင်းစက် သုံးဆီဈေးမှာ ရက်ပိုင်း အတွင်း တစ်ကျော့ပြန် မြင့်တက်လာကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ရေနံစိမ်း ဈေးမှာ စက်တင်ဘာကစ၍ တဖြည်းဖြည်းတက်လာရာ တစ်စည်လျှင် ၅၄ ဒေါ်လာသို့ ရောက်ရှိ လာခဲ့၍ ဒေါ်လာ ၅၀ အောက်တွင် တစ်နှစ်ကျော်ကြာ ရှိနေရာမှ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

ဆူးလေစကွဲစီမံကိန်း ဒဏ်ကြေးကျပ်နှစ်ဘီလီယံ ပေးဆောင်ရမည်

14483835_1245416852149129_1998469473_n

ဆူးလေစကွဲ (Sule Square) အထပ်မြင့် အဆောက်အအုံစီမံကိန်းသည် မူလ အဆောက်အအုံဒီဇိုင်းကို ပြင်ဆင် ဆောက်လုပ်မှုကြောင့် ဒဏ်ကြေး ကျပ် နှစ်ဘီလီယံ ကျော်ပေးဆောင် ရမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဆူးလေရှန်ဂရီလာဟိုတယ် နှင့်ကပ်လျက်တည်ဆောက်သော အဆိုပါစီမံကိန်းသည် ၂၃ ထပ်မြင့်သည့် အဆောက် အအုံဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ပထမဆုံး အရေးယူသည့် ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ကာ မူလခွင့်ပြုထား သည့်စီမံကိန်းထက် အထပ်ပိုဆောက်ခဲ့၍ ယခုကဲ့သို့ ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ အဆောက်အအုံဌာန ဌာနမှူး ဦးသန်းဌေးက ပြောသည်။

ရန်ကုန်နှင့် မြို့ကြီးအချို့ အင်အားပြင်း မြေငလျင်အန္တရာယ်ရှိ

 13081804_1136480829709399_320826700_n

စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက် ၃၅ ကီလိုမီတာ အကွာတွင် တည်ရှိနေသည့် ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့မှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မည့် အန္တရာယ်ရှိနေပြီး ငလျင်လှုပ်ခတ်ခဲ့ပါက အပျက်အစီး အဆုံးအရှုံး များနိုင်ကြောင်း မြေငလျင်ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများဆိုင်ရာ ယူနက်စကို၏ အစီရင်ခံစာ ယခုလကုန်ထွက်ရှိမည်

13081804_1136480829709399_320826700_n

ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က စစ်ဆေးမှုများပြုလုပ်ထားသော ငလျင်ဒဏ်သင့် ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုးများ၏ အစီရင်ခံစာကို စက်တင်ဘာလကုန်တွင် အစိုးရထံတင်ပြမည်ဖြစ်ကြောင်း ယူနက်စကို၏ ယဉ်ကျေးမှုဌာနအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောသည်။

‘‘ယူနက်စကိုက စစ်ဆေးထားတဲ့ အစီရင်ခံစာကို ဒီလကုန်ပိုင်းလောက် နောက်တစ်ပတ်လောက်မှာ အစိုးရကို တင်ပြမှာဖြစ်တယ်။ ပြည်ထောင်စုဝန်ကြီး (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး)ထံ တင်ပြမှာပေါ့’’ ဟု ဒေါ်ဥမ္မာမျိုး က 7Day Daily သတင်းစာအားပြောသည်။

ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီကော်မတီ အစည်းအဝေးပြုလုပ်

´
မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် ကျိုက်ထိုပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး မြို့နယ်ပါတီလုပ်ငန်းစဉ်များဆွေးနွေးခြင်း၊ ရေးရာကော်မတီကိစ္စရပ်များအားဆွေးနွေးကြကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်