ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက် မြင့်တက်လာပြီး စက်တင်ဘာ (၁၅) ရက်၌ တစ်ဒေါ်လာ ၁,၂၃၇ ကျပ်အထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။ (more…)
ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲ အခွင့်အရေးတန်းတူ ပေးမည်ဟုဆို
အစိုးရသစ်လက်ထက်တွင် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံကြမည့်၊ စီးပွားရေးလုပ်ကိုင်မည့် နိုင်ငံသား၊ နိုင်ငံခြားသား လုပ်ငန်းရှင်များအား အခွင့်အရေးတန်းတူပေးရန် စီစဉ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။ (more…)
ကယားပြည်နယ်၊ ပါတီကော်မတီဝင်များနှင့် ဖရူဆိုမြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး
ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် များနှင့် ဖရူဆိုမြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁၅) ရက်နေ့ နေ့လည် (၁၂) နာရီအချိန်က ဖရူဆိုမြို့နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီကော်မတီဝင် များဖြစ်ကြသော ဦးရီးချက်၊ ဦးအန်ဒရေးရ(မီး)၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဒေါရစ်လေး၊ ဒေါ်ဗျားမြာမောင်နှင့် လွိုင်ကော်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးနှင့် ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား (၂၁) ဦး တက်ရောက်ခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ ဘီးလင်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ ကျေး စည်းမှူးများအား တွေ့ဆုံ
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီးရုံး အစည်းဝေးခန်းမ၌ စက်တင်ဘာ (၁၄) ရက်နေ့ နံနက် (၁၁) အချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် မွန်ပြည်နယ် ပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦး တို့သည် ဘီးလင်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။
လေးမျက်နှာမြို့နယ် သမိုင်းဝင်ထူပါရုံစေတီတော်ကြီး သန့်ရှင်းသာယာရေး ၀ိုင်းဝန်းဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးသိန်းထွန်း ဦးဆောင်၍ ပါတီကော်မတီဝင် များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ အင်အား (၈၀) ခန့်သည် စက်တင်ဘာလ (၁၅) ရက်က လေးမျက်နှာမြို့နယ် ငဝန်မြစ်တစ်ဖက်ကမ်းရှိ လေးမျက်နှာမြို့ ကျက်သရေဆောင် သမိုင်းဝင် ထူပါရုံစေတီတော် ရင်ပြင်တော်ပေါ် မိုးတွင်းကာလ တင်ကျန်ခဲ့သော နုန်းသဲမြေများကို ဒေသခံပြည်သူများနှင့်အတူ လုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြသည်။
သံတွဲခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များ စုပေါင်း၍ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စက်တင်ဘာလ (၁၅) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ဘေးရှောင်ပြည်သူများသို့ ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည် ပြည်သူ လေးထောင်ကျော်တို့အား စက်တင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီခွဲတွင် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို ဦးဆောင်သော ပါတီဝင် (၇၅) ဦးတို့သည် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ ပေးပို့လှူဒါန်းသော တန်ဖိုးငွေကျပ် ၇၅သိန်း တန်ဖိုးရှိ ဆန်အိတ် ၃ဝဝ၊ တန်ဖိုးငွေကျပ် ခုနစ်သိန်းတန်ဖိုးရှိ အသားတု၊ အာလူး၊ ပဲဝါခြမ်း စုစုပေါင်းတန်ဖိုးငွေကျပ် ၈၂သိန်း သွားရောက် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
တိုင်း၊ ခရိုင်၊ အိမ်မဲမြို့နယ်ပါတီကော်မတီနှင့် ရပ်/ကျေးပါတီကော်မတီဝင်များ တွေ့ဆုံပွဲကျင်း
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းဝေးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီနှင့် ရပ်/ကျေး ပါတီကော်မတီများ တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၅) ရက် နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ရာ ဗဟိုပါတီကော်မတီဝင်၊ တိုင်းပါတီ ကော်မတီဝင် ဒေါက်တာဋ္ဌေးဝင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဘဏ္ဌာရေး မှူး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၁၃၈) ဦး တက်ရောက်ခဲ့ကြသည်။
မြန်အောင်ပြည်ခိုင်ဖြိုးပါတီ နယ်မြေကွင်းဆင်း၍ တိုက်နယ်အလိုက် ဆွေးနွေးပွဲများပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့က တောင်ရိုးတိုက် နယ်အတွင်းရှိ ကျေးရွာအုပ်စုများ သို့သွားရောက်ပြီး ကျေးရွာအုပ်စု အမာခံပါတီဝင်များနှင့် တွေ့ဆုံကာ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ပထမဦးစွာ မကျီးကုန်းကျေး ရွာအုပ်စု၊ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ထိန်သေးကြီးကျေးရွာ အုပ်စုနှင့် သဲဘို့ကျေးရွာအုပ်စုများမှ စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များအား မကျီးကုန်းကျေးရွာ တွင်တွေ့ဆုံကာ နယ်မြေဒေသ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ရွာသစ်ကုန်းကျေးရွာတွင် မရွေးကုန်းကျေးရွာအုပ်စုနှင့် ညောင်ချင်ကျေးရွာအုပ်စုတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သန်လျင်မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပါတီရုံး ရတနာခန်းမ၌ စက်တင်ဘာ (၁၄) ရက် နံနက် (၁၁) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်မင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ(၄၅)ခုမှ စည်းရုံးရေးမှူးများ၊ ဒုတိယစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။