ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီးရှိ မူဆယ်ကုန်သွယ်ရေးဇုန်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ (more…)
ပအိုဝ်းအမျိုးသားအဆင့် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ဒီဇင်ဘာမကုန်မီ ကျင်းပရန် စီစဉ်
ပအိုဝ်းအမျိုးသားအဆင့် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို ဒီဇင်ဘာမကုန်မီ ကျင်းပနိုင်ရန် ဆောင်ရွက်နေပြီး ပအိုဝ်းအမျိုးသားများနှင့် ထိုက်သင့်သည့် နိုင်ငံရေးအဆင့်အတန်း တစ်ခု ရရှိရန် ဘုံသဘောထားရယူမည်ဟု ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ (more…)
ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပါတီသုံးခုပူးပေါင်းမည့်အစီအစဉ်ပျက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပါတီသုံးခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (ESSDDP) တို့ပူးပေါင်း၍ ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ် ပျက်သွားကြောင်း ယင်းပါတီများနှင့် ဒေသခံများထံမှ သိရသည်။ (more…)
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံးဘ၀ လုံလုံခြုံခြုံ ရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ ကျူးကျော်သူများ နောက်ထပ်မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခွင့်မရ
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး အန္တရာယ်ကင်းဝေးပြီး၊ စားဝတ်နေရေး အဆင်ပြေစွာ ဘ၀လုံလုံခြုံခြုံရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ ကျူးကျော်သူများ နောက်ထပ်မကျူးကျော် နိုင်ရေး စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် တင်သွင်းခွင့် မရရှိခဲ့ကြောင်း အဆိုတင်သွင်းခဲ့သူထံမှ သိရသည်။ (more…)
ဧည့်စာရင်းတိုင်ကြားရန် မလိုတော့သည့် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု
ဧည့်စာရင်းတိုင် ကြားစရာမလိုတော့သည့် ရပ် ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို နိုဝင် ဘာ (၂၁) ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်။ (more…)
ကြမ်းခင်းဈေး ယူရို (၈)သန်း (၈)သိန်းကျော် ကျောက်စိမ်းတွဲပါဝင်ပြသမည့် ကျောက်မျက်ပြပွဲဖွင့်လှစ်
နေပြည်တော်ရှိ မဏိရတနာကျောက်မျက်ခန်းမ၌ နိုဝင်ဘာ(၂၀)ရက်မှ စတင်ဖွင့်လှစ်လိုက်သည့် ၂၀၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အမြင့်ဆုံးကြမ်းခင်းဈေး ယူရို (၈)သန်း (၈)သိန်းကျော် ကျောက်စိမ်း တွဲအပါအဝင် ကျောက်မျက်အတွဲပေါင်း (၄၃၉) တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း (၅၉၈၈) တွဲကို ရောင်းချ သွားမည်ဟု သိရသည်။ (more…)
တာဝန်မှ ရပ်စဲခံရခြင်းနှင့် ပတ်သတ်ပြီး ထုချေခွင့်၊ ရှင်းလင်းခွင့် မရှိသည့်အတွက် တရားမျှတမှုမရှိဟု ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းပြောကြား
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးတာဝန်မှ ရပ်စဲခံရခြင်းနှင့်ပတ်သတ်ပြီး ထုချေခွင့်၊ ရှင်းလင်းခွင့် မရှိသည့်အတွက် တရားမျှတမှုမရှိဟု ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက နိုဝင်ဘာ (၁၉) ရက်တွင် နေပြည်တော်ရှိ ၎င်း၏နေအိမ်၌ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ (more…)
မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမှု ပြတ်တောက်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း နိုဝင်ဘာ ၂၀ ရက် နံနက်က စတင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။ (more…)
မူဆယ်ကို တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့ဝင်တိုက်ကြောင်း အစိုးရဘက်က အတည်ပြု
ရှမ်းပြည်မြောက်ပိုင်း မြန်မာတရုတ် နယ်စပ်အနီးရှိ မူဆယ်မြို့ ကုန်သွယ်ရေးဇုန်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ သုံးဖွဲက နိုဝင်ဘာ (၂၀) ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခဲ့ရာမှာ လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း အစိုးရဘက်က အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။ (more…)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေး ဒီဇင်ဘာလဆန်းကျင်းပရန် လျာထား
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီဇင်ဘာပထမပတ်တွင် နေပြည်တော်၌ ကျင်းပရန် လျာထားကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ (more…)