ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြန်အောင်မြို့နယ် ရုံးခွဲကို ယခုလ ၁၄ ရက် တန်ဆောင်မုန်းလပြည့်နေ့က အင်ပင်ရှိမြို့နယ် ပါတီကော်မတီဝင် ဦးအုန်းသိန်း နေအိမ် (ဟင်္သာတ-မြန်အောင်ကား လမ်းမကြီး) တွင် ဖွင့်လှစ်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြန်အောင်မြို့နယ် ရုံးခွဲကို ယခုလ ၁၄ ရက် တန်ဆောင်မုန်းလပြည့်နေ့က အင်ပင်ရှိမြို့နယ် ပါတီကော်မတီဝင် ဦးအုန်းသိန်း နေအိမ် (ဟင်္သာတ-မြန်အောင်ကား လမ်းမကြီး) တွင် ဖွင့်လှစ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲကို နိုဝင်ဘာ (၁၆) ရက်က ကျင်းပပြုလုပ်ရာ ခရိုင်ပါတီ ဥက္ကဌ ဦးအောင်မြင့်သန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ စဥ့်ကိုင်မြို့နယ် ပါတီဥက္ကဌ ဦးကြည်ပြုံး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး များမှ စည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၁၆) ရက် နေ့လည် (၁) နာရီအချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် နိုဝင်ဘာ (၁၅) ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ လပွတ္တာခရိုင်နှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်နှင့် ဇနီ ဒေါ်ဝေဝေ မိသားစုမှ နိုဝင်ဘာ(၁၂)ရက်နေ့က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့/အနောက် ကျေးရွာများရှိ ဘိုးဘွား (၁၂၂)ဦးအား ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်နှင့် ဇနီး ဒေါ်ဝေဝေ မိသားစုတို့မှ လှူဖွယ်ပစ္စည်း များနှင့် ပူဇော်ကန်တော့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ကျုံတွမ်(တောင်) ရွာမလမ်း ကျောက်ကြမ်းမြေသား လမ်းဖွင့်ပွဲ အခမ်း အနားကို ယခုလ ၁ဝရက် ညနေ ၆နာရီတွင် အဆိုပါလမ်း၌ပြုလုပ်ရာ လမ်းဖြစ်မြောက်ရေး မတည်အလှူရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့်ဇနီး၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့်အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များတက်ရောက်ကြသည်။
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို ယခုလ (၁၂) ရက်နှင့် (၁၃) ရက်နေ့များတွင် မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၂၂)ကြိမ်မြောက် စုပေါင်းကထိန် အလှူတော် ရေစက်ချအခမ်းအနားကို နိုဝင်ဘာ (၁၄)ရက် တန်ဆောင်မုန်း လပြည့်နေ့ ညနေ (၃) နာရီအချိန်တွင် ကျောက်ဆည်မြို့နယ် ကျားကာကျေးရွာ ရွာဦးကျောင်းတိုက်တွင် ကျင်းပသည်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးကြပ်မှုဖြင့် မြေအသုံးချမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို နိုဝင်ဘာ (၁၄) ရက် နံနက် (၁၀) နာရီအချိန်မှ (၁၂) နာရီ အချိန်အထိ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ဗဟိုကော်မတီဝင် ဦးထွေးလှ (နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာကော်မတီဝင်) တို့နှင့် ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို နိုဝင်ဘာ (၁၅) ရက် နေ့လည် (၂) နာရီအချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။