မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၁.၁၂.၂၀၁၆) နံနက်(၀၉း၀၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းနှင့်စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ နိုဝင်ဘာ (၂၉) ရက် နံနက် (၉) နာရီအချိန်က ပါတီလုပ်ငန်း နှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရာ တိုင်း ဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး ခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း ခရိုင် အတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင် ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ငြိမ်း ၊ မြို့နယ်ဥက္ကဌ ဦးစိုးအေး၊ မြို့နယ်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ပါတီခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ လူငယ်များ၊ အမာခံကေဒါများ တက်ရောက်ခဲ့ကြပြီး ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊ ပါတီစည်းရုံးရေး၊ မီဒီယာကဏ္ဍ နှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဇီးကုန်းမြို့နယ်ပြည်ခိုင်ဖြိုးမှ အမျိုးသမီးရေးရာဥပဒေကဏ္ဍ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကဏ္ဍမှ ကြီးမှူးကျင်းပသော အမျိုးသမီးရေးရာ ဥပဒေကဏ္ဍ ပညာပေးဟောပြောပွဲကို ယနေ့ (ဒီဇင်ဘာ ၁ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပရာ တိုင်းပါတီမှ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနု နှင့် ဥပဒေပညာရှင်များက တက်ရောက်ဟောပြောခဲ့ပါသည်။

အစိုးရနှင့် UNFC တို့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် ဆက်လက်ဆွေးနွေးမည်

14681855_804768539660623_7900214056160549002_n

ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး အစိုးရနှင့် UNFC ကိုယ်စားလှယ်တို့ ဆက်လက်တွေ့ဆုံညှိနှိုင်းမည်ဟု နှစ်ဖက်ကိုယ်စားလှယ်များကပြောသည်။ UNFC အဖွဲ့ဝင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်တွင် အစိုးရလုံခြုံရေး တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီ၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီလုပ်ငန်းနှင့် စည်းရုံး ရေးစွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၂၉) ရက် နံနက် (၁ဝ) နာရီတွင် ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းခဲ့ပါသည်။

မိုးမိတ်ပြည်ခိုင်ဖြိုး မြို့နယ်နှင့် ရပ်/ကျေးအုပ်စုများ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်စုများ လုပ်ငန်း ညှိနိုင်း အစည်းအဝေးကို နိုဝင်ဘာ (၃၀) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမောင်ငယ် နှင့် မြို့နယ်ပါတီကော်မတီများ၊ အရံ ကော် မတီဝင်များ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ပြီးစီးခဲ့ သည့် လုပ်ငန်စဉ်းများ ဆွေးနွေးခြင်း၊ ရှေ့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စစ်တွေခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ကျေးရွာများသို့ ကွင်းဆင်း

စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဆောင်ပြီး စစ်တွေခရိုင်/မြို့နယ်ပါတီနှင့် ရပ်/ကျေး စည်းမှူးများလိုက်ပါလျက် နိုဝင်ဘာ (၂၉) ရက် နံနက် (၁၁) နာရီအချိန်က ကျက်တောပြင်ကျေးရွာ၊ င/တောက် တက်ကျေးရွာနှင့် တောကန်ကျေးရွာများသို့ Door to Door ကွင်းဆင်းပြီး မိမိတို့ပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ထိုကျေးရွာများရှိ ပြည်သူ့သဘော ထားနှင့် ပြည်သူ့အသံနားထောင်ခြင်း၊ ကျေးရွာများရှိ စာကြည့်တိုက်များတွင် ပါတီပိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ရှေ့ဆောင်ဂျာနယ်တို့အား ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကလောမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်များအဖွဲ့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပါတီ ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ အမာခံပါတီဝင်များ၊ ပါတီဝင် တိုင်းရင်း သားများ တွေ့ဆုံပွဲကို နိုဝင်ဘာ (၂၉) ရက် နံနက် (၉) နာရီခွဲ အချိန်က ကလောမြို့နယ် ဟဲဟိုးမြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ရပ်ကွက်/ ကျေးရွာများမှ ယခုလက်ရှိဖြစ်ပေါ်နေသော ပြည်သူများ၏ အခက်အခဲ များကို ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စစ်တွေခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ကျေးရွာများသို့ ကွင်းဆင်း

စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဆောင်ပြီး စစ်တွေခရိုင်/မြို့နယ်ပါတီနှင့် ရပ်/ကျေး စည်းမှူးများလိုက်ပါလျက် နိုဝင်ဘာ (၂၉) ရက် နံနက် (၁၁) နာရီအချိန်က ကျက်တောပြင်ကျေးရွာ၊ င/တောက် တက်ကျေးရွာနှင့် တောကန်ကျေးရွာများသို့ Door to Door ကွင်းဆင်းပြီး မိမိတို့ပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ထိုကျေးရွာများရှိ ပြည်သူ့သဘော ထားနှင့် ပြည်သူ့အသံနားထောင်ခြင်း၊ ကျေးရွာများရှိ စာကြည့်တိုက်များတွင် ပါတီပိုင် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ရှေ့ဆောင်ဂျာနယ်တို့အား ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်/မြို့နယ်ပါတီ လပတ်ပုံမှန်စည်းဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ (၂၉) ရက် နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်နှင့်မြို့နယ်ပါတီမှ လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေးပြီး လိုအပ်ချက် များအပေါ် ဗဟိုပါတီကော်မတီဝင် များဖြစ်သည့် ဦးရှာမွေလရှဲန်၊ ဦးဝီလ်ဆင်မိုးတို့မှ အကြံပြုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးအသင်းအတွက် ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ အလှူငွေ ဘတ် (၁)သောင်း မတည်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။